ရဟန္တာ_သတ္တမမြောက်_ပုပ်ရဟန်းမင်းကြီး_ဂရီဂေါ်ရီ (Pope St. Gregory VII)

မေလ (၂၅): #ရဟန္တာ_သတ္တမမြောက်_ပုပ်ရဟန်းမင်းကြီး_ဂရီဂေါ်ရီ (Pope St. Gregory VII)


ရဟန္တာ ဂရီဂေါ်ရီသည် လေးစားမြတ်နိုးထိုက်သူ
အံ့ဩဖွယ်ပါရမီနှင့်ပြည့်ဝသူ၊ ဉာဏ်ပညာပြည့်ဝသူ၊ တရားမျှတမှုကို မြတ်နိုးသူ၊ အခက်အခဲဒုက္ခများအကြားမားမားမတ်မတ်ရပ်တည်သူနှင့် ကြီးပွားချမ်းသာရာမှာလည်း သင့်တင့်မျှတသူ စသည့် ပါရမီများဖြင့် ပြည့်စုံသူဖြစ်သည်။ (၁၀) ရာစုနှင့် (၁၁) ရာစုအကြား အခက်အခဲ ဆန့်ကျင့်မှုများကို ခုခံပြီး အသင်းတော်ကြီးကို ကာကွယ်ခဲ့သူ ဖြစ်သည်။

သူ၏ ငယ်နာမည်မှာ Hildebrand (ဟီးလ်ဒီဘရန့်) ဖြစ်ပြီး အနာဂတ်၌ ပုပ်ရဟန်းမင်းကြီး သတ္တမမြောက် ဂရီဂေါ်ရီအဖြစ် နာမည်ပြောင်းခဲ့သည်။ သူ့ကို (၁၀၂၀ - ၂၀၂၅) ခုနှစ်ဝန်းကျင်၌ အီတလီနိုင်ငံ၊ တားစ်ကနီ(Tuscany) ဒေသ၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ လယ်သမားတစ်ဦးဖြစ်ပြီး ရသေ့ကျောင်းရှိ ဦးလေးတစ်ပါးထံမှ ပညာသင်ကြားခဲ့သည်။ ထိုကျောင်းတွင် သူ့ကို စည်းကမ်းတကျနှင့် ဘုရားတရား ကိုင်းရှိုင်းလာအောင် လမ်းညွှန်းပြသပေးခဲ့ပြီးနောက် ရဟန်းဘဝကို ရွေးချယ် လျှောက်လှမ်းခဲ့သူဖြစ်သည်။

ဉာဏ်ရည်ထက်မြတ်ပြီး၊ တိကျပြတ်သားလွန်းသည့် ဘုန်းတော်ကြီး Hildebrand (ဟီးလ်ဒီဘရန့်) သည် သူ၏ဆရာဖြစ်သည့် ဂျွန်ဂရာရှန် ( John Gratian)၏ အကူတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ထိုအချိန်တွင် ဘုန်းတော်ကြီး ဂျွန်ဂရာရှန် ( John Gratian) မှာ ပုပ်ရဟန်မင်းကြီးဖြစ်ခဲ့သော်လည်း သူ့အား ပုပ်ရဟန်းမင်းအာဏာမှ ရပ်ဆိုင်း၍ ရောမမှ ထွက်ခွာရန် တောင်းဆိုနေကြသောအချိန်ဖြစ်ပေသည်။ ဘုန်းတော်ကြီး ဂျွန်ဂရာရှန် ( John Gratian)မှာ နာမကျန်းဖြစ်၍ (၁၀၄၇) ခုနှစ်တွင် ပျံလွန်ခဲ့ရာမှ ပုပ်ရဟန်းမင်းရာထူးကို ဆက်ခံရန် နဝမမြောက် လီယိုအားတင်မြောက်ခဲ့ကြလေသည်။ ၁၀ - ၁၁ ရာစု အချိန်သည် အသင်းတော်၏ သမိုင်း၌ အမှောင်ကျနေသောအချိန်ဟုဆိုလျင်လည်း လွဲလိမ့်မည်မဟုတ်ပေ။ ပုပ်ရဟန်းမင်းကြီး၏ ရာထူးအာဏာကို ရောမင်(Romen) မိသားစုဝင်များ၏ ခြယ်လှယ်ခြင်းကို ခံခဲ့ရသည့်အချိန်ဖြစ်လေသည်။

သို့သော် ထိုအမှောင်ထုကို ဖြိုခွင်းရန် (၁၀၄၉) ခုနှစ်တွင်၊ ပုပ်ရဟန်းမင်းကြီးနဝမြောက် လီယို ဆိုသူ၏ လက်ထက်၌ ငယ်ရွယ်သော ရဟန်း Fr. Hildebrand (ဟီးလ်ဒီဘရန့်) ဆိုသူအား မိမိ၏ အကြံပေးပုဂ္ဂိုလ်နှင့် အရေးကြီးသော သာသနာ့လုပ်ငန်းများလုပ်ဆောင်ရာ၌ အထူးကိုယ်စားလှယ် အနေဖြစ် ခန့်ထားခဲ့လေသည်။ ပုပ်ရဟန်းမင်းကြီးနဝမြောက် လီယို ပျံလွန်တော်မူပြီးနောက် Fr. Hildebrand (ဟီးလ်ဒီဘရန့်)သည် ပုပ်ရဟန်းမင်းကြီး ရာထူးကိုဆက်ခံရန် မလိုလားသော်လည်း ပုပ်ရဟန်းမင်းကြီးအဖြစ် သူ့အားတင်မြောက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး သတ္တမမြောက် ဂရီဂေါ်ရီအဖြစ် နာမည်ပြောင်းခဲ့သည်။

ထိုအချိန်၊ အသင်းတော်အတွင်း၌ - ဘုန်းတော်ကြီးများအကြား အကျင့်ပျက်စားမှုများ၊ ရောမ (Rome) နှင့် ကွန်တဲ့စ်တီးနိုပယ် (Constantinople) အကြားပြင်းထန်သော ကွဲပြားမှု၊ အသင်းတော်အတွက် ရဟန်းတော်များကို ရွေးချယ်နိုင်သော အခွင့်အရေးနှင့် အသင်းတော် နှင့်ဆိုင်သည့် ပစ္စည်းဥစ္စာများအပေါ်ထိန်းချုပ်နိုင်သော အခွင့်အရေးကို တောင်းဆိုနေကြသော ပြည်နယ်အုပ်ချုပ်သူများ၏ အကြံကို ဆန့်ကျင်ရန်ကြိုးပမ်းနေသည့် ကြီးမားသော စာတန်၏ကျော့ကွင်းမှရုန်းကန်နေချိန်ဖြစ်လေသည်။

(၁၀၇၃)ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး သတ္တမမြောက် ဂရီဂေါ်ရီသည် ပြုပြင်ပြောင်းလဲခြင်း ဝါဒီအမိန့်သစ်ကို ထုတ်ပြန်ကြေငြာနိုင်ခဲ့သည်။ ၎င်းထုတ်ပြန်ကြေငြာချက်များ အပေါ်မကျေနပ်၊ ဆန့်ကျင်တိုက်ခိုက်ကြသော်လည်း မိမိထုတ်ပြန်ချက်အပေါ် မားမားမတ်မတ် ရပ်တည်ခဲ့သည်။ ဒီအမိန့်ရဲ့ရလဒ်က ဂျာမန်အင်ပါယာ ဆဋ္ဌမမြောက် ဟင်နရီက သူ့ကို ဆန့်ကျင်၍ ပုပ်ရဟန်းမင်းကြီးရာထူးမှ ဖြုတ်ချမည်ဟု စွပ်စွဲကာ ခြိမ်းခြောက်လာခဲ့သည်။ ထိုစွပ်စွဲချက်အပေါ် ရဟန်းမင်းကြီးကလည်း အင်ပါရာရဲ့ လက်အောက်ခံ ငယ်သားများသည် မိမိတို့ခေါင်းဆောင်အဖြစ် ပုပ်ရဟန်းမင်းကြီးအား လိုက်နာရန် မလိုတော့ကြောင်း ကြေငြာခဲ့လေသည်။ (၁၀၇၇)ခုနှစ်တွင် အင်ပါယာသည် ပုပ်ရဟန်းမင်းကြီး ရှေ့မှောက်တွင် ဝန်ချတောင်းပန်စေခဲ့သည်။ သုံးရက်တိုင်အောင် နှင်းမှုန်များကြား ရဟန်းမင်းကြီး၏ ခွင့်လွတ်ချမ်းသာ ယာယီသာရရှိသော်လည်း ပုပ်ရဟန်းမင်းကြီအား တိုက်ခိုက်မှု၊ တိုက်ခိုက်ဆန့်ကျင်သူများကို အားပေးမှု၊ ရောမကို ကျူးကျော်တိုက်ခိုက်မှုတို့ဖြင့် စွပ်စွဲခံရ၏။ ပုပ်ရဟန်းမင်းကြီးသည်လည်း အသက်ဘေးအန္တရာယ်ကြောင့် (၁၀၈၄)ခုနှစ်တွင် ​​ရှောင်ပြေးသည့်နေရာ ဆလာနို (Salarno)၌ပင် မေလ (၂၅)ရက် ၊ ၁၀၈၅ တွင်ပြန်လွန်ခဲ့ပါသည်။

"ကျွန်ပ်သည် တရားမျှတမှုကို ချစ်မြတ်နိုး၍ အပြစ်ကို ရွံရှာသောကြောင့် ပြည်နှင်ဒဏ်ဖြင့် သေဆုံးရ၏။" ဟူ၍ နောက်ဆုံးစကားဆိုခဲ့လေသည်။
ရဟန္တာ_သတ္တမမြောက်_ပုပ်ရဟန်းမင်းကြီး_ဂရီဂေါ်ရီ၊ ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်း ပေးမူပါ။ အာမင် ။

✍️ကြယ်စင်လေး ( SJA)
#KyeseMyanmar #AMDG #Catholic
📖 Ref: CNA & Franciscan Media 

No comments

Theme images by dino4. Powered by Blogger.