Rosary in Burmese (Myanmar) စိတ်ပုတီးစိတ်ခြင်း


How to Pray the Rosary - dummies



     စိတ်ပုတီးစိတ်ခြင်း


 ဦးဆောင်သူ- အားလုံးစုံမေတ္တာ (၁) ပုဒ်။
 ပရိတ်သတ်

 ဦးဆောင်သူ+ 
ပရိတ်သတ်- ကောင်းကင်ဘုံမေတ္တာ (၁) ပုဒ်။ 

ဦးဆောင်သူ+ 
ပရိတ်သတ်- ဂုဏ်ကျေးဇူးတော်မေတ္တာ (၃) ပုဒ်

ဦးဆောင်သူ- ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်အား ဘုန်းတော် ဂုဏ်တော်ရှိပါစေ။ 
ပရိတ်သတ်- အစအဦးက ဘုန်းတော်ဂုဏ်တော်ရှိသည့်အတိုင်း ယခုမှစ၍ ကမ္ဘာအဆက်ဆက် ရှိပါစေ။ 

ဦးဆောင်သူ+
ပရိတ်သတ်- အိုယေဇူး ကျွန်ုပ်တို့၏ အပြစ်များကို အခွင့်ချမ်းသာ ပေးသနားတော်မူပါ။ အပြစ်ငရဲမှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ ဝိညာဉ်အားလုံး အထူးသဖြင့် ကိုယ်တော်၏ သနားခြင်းကို လိုလားနေသော ဝိညာဉ်များကို မိုးကောင်းကင်သို့ ပို့ဆောင်တော်မူပါ။ 

ဝမ်းမြောက်ဘွယ်ရာ နက်နဲလှစွာသောအချက်များ 

(တစ်နှစ်ပတ်လုံး တနင်္လာနေ့များ နှင့် အာဒ်ဝင်တူး တနင်္ဂနွေနေ့တို့၌ဆိုရန်) 
၁။ ပထမဝမ်းမြောက်ဘွယ်ရာ နက်နဲလှစွာသောအချက်၌ သိကြားမင်းက မာရီယားအား အမိန့်တော်ပြန်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 
၂။ ဒုတိယဝမ်းမြောက်ဘွယ်ရာ နက်နဲလှစွာသော အချက်၌ မယ်တော်မာရီယားသည် ဧလိဇဘက်ကို နှုတ်ဆက်ရန် ကြွတော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 
၃။ တတိယဝမ်းမြောက်ဘွယ်ရာ နက်နဲလှစွာသော အချက်၌ ယေဇူးဘုရားရှင်သည် ဗက်သလင်မြို့ နွားစားခွက်၌ ဖွားမြင်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 
၄။ စတုတ္ထဝမ်းမြောက်ဘွယ်ရာ နက်နဲလှစွာသော အချက်၌ သူငယ်တော်ယေဇူးကို ကျောင်းတော်၌ စီမေအုံသူမြတ်က ပူဇော်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 
၅။ ပဉ္စမဝမ်းမြောက်ဘွယ်ရာ နက်နဲလှစွာသော အချက်၌ သူငယ်တော်ယေဇူး ကို ကျောင်းတော်၌ ပြန်တွေ့တော် မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 

ဝမ်းနည်းဘွယ်ရာ နက်နဲလှစွာသောအချက်များ 

(တစ်နှစ်ပတ်လုံး အင်္ဂ0၊ သောကြာနေ့များနှင့် ဝါတွင်း တနင်္ဂနွေနေ့တို့၌ဆိုရန်) 
၁။ ပထမဝမ်းနည်းဘွယ်ရာ နက်နဲလှစွာသော အချက်၌ သံလွင်ဥယျာဉ်တွင် ယေဇူးသခင်၏ ဆုတောင်းခြင်းနှင့် သွေးချွေးစီးယိုခြင်းကို ဆင်ခြင်ကြစို့။ 
၂။ ဒုတိယ ဝမ်းနည်းဘွယ်ရာ နက်နဲလှစွာသော အချက်၌ယေဇူးသခင်ကို တိုင်၌ ချည်နှောင်၍ ကြိမ်နှင့် ရိုက်သည့်အကြောင်းကို ဆင်ခြင်ကြစို့။ 
၃။ တတိယ ဝမ်းနည်းဘွယ်ရာ နက်နဲလှစွာသော အချက်၌ ယေဇူးသခင်သည် ခေါင်းပေါ်မှာ ဆူးဗောင်းတင်သည့် အကြောင်းကို ဆင်ခြင်ကြစို့။ 
၄။ စတုတ္ထ ဝမ်းနည်းဘွယ်ရာ နက်နဲလှစွာသော အချက်၌ လက်ဝါးကားတိုင်ကို ထမ်းဆောင်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 
၅။ ပဉ္စမ ဝမ်းနည်းဘွယ်ရာ နက်နဲလှစွာသော အချက်၌ ယေဇူးသခင်သည် လက်ဝါးကားတိုင်ပေါ်မှာ အသက်တော်စွန့်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 

အံသြဘွယ်ရာ နက်နဲလှစွာသောအချက်များ 

(တစ်နှစ်ပတ်လုံး ဗုဒ္ဓဟူး၊ စနေနေ့ နှင့် ဝါကျွတ်မှ အာဒ်ဝင်တူး အထိရှိသော တနင်္ဂနွေနေ့ တို့၌ ဆိုရန်) 
၁။ ပထမအံ့သြဘွယ်ရာ နက်နဲလှစွာသော အချက်၌ ယေဇူးသခင် ရှင်ပြန်ထမြောက်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 
၂။ ဒုတိယ အံ့သြဘွယ်ရာ နက်နဲလှစွာသော အချက်၌ ယေဇူးသခင် ကောင်းကင်ဘုံသို့ တက်ကြွတော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 
၃။ တတိယ အံ့သြဘွယ်ရာ နက်နဲလှစွာသော အချက်၌ မာရီယားနှင့် တပည့်တော်ကြီး များအပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 
၄။ စတုတ္ထ အံ့သြဘွယ်ရာ နက်နဲလှစွာသော အချက်၌ ကညာမာရီယားအား ကောင်းကင်ဘုံသို့ ပင့်ဆောင်တော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 
၅။ ပဉ္စမ အံ့သြဘွယ်ရာ နက်နဲလှစွာသော အချက်၌ ကညာမာရီယားအား ကောင်းကင်ဘုံမှာ သရဖူဗောင်း မင်္ဂလာခံယူတော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 

အလင်းတော်ဆိုင်ရာ နက်နဲဖွယ်ရာအချက်များ 

(တစ်နှစ်ပတ်လုံး ကြာဿပတေးနေ့တို့၌ ဆိုရန်) 
၁။ ပထမ အလင်းတော်ဆိုင်ရာ နက်နဲလှစွာသော အချက်၌ ဂျော်ဒန်မြစ်၌ ယေဇူးသခင် ဆေးကြောခြင်း ခံယူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 
၂။ ဒုတိယ အလင်းတော်ဆိုင်ရာ နက်နဲလှစွာသော အချက်၌ ကာနန်မြို့လက်ထပ်ပွဲ၌ ကိုယ်တော်ကိုယ်တိုင် ဘုန်းဂုဏ်တော်ကို ဖော်ပြတော်မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 
၃။ တတိယ အလင်းတော်ဆိုင်ရာ နက်နဲလှစွာသော အချက်၌ ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ဟောပြောကြေငြာခြင်းကို ဆင်ခြင်ကြစို့။ 
၄။ စတုတ္ထ အလင်းတော်ဆိုင်ရာ နက်နဲလှစွာသော အချက်၌ ကိုယ်တော်ရှင် အဆင်း သဏ္ဍာန်ပြောင်းလဲတော် မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။ 
၅။ ပဉ္စမ အလင်းတော်ဆိုင်ရာ နက်နဲလှစွာသော အချက်၌ ကိုယ်တော်မြတ်စက္ကရမင်းတူး တည်ထောင်တော် မူသည့် အကြောင်းကို ဆင်ခြင်ကြစို့။

 ဦးဆောင်သူ- ကောင်းကင်ဘုံမေတ္တာ (၁) ပုဒ်။ ကောင်းကင်ဘုံ၌... 
ပရိတ်သတ်- နေ့စဉ်မပြတ်... 

ဦးဆောင်သူ- အာဝေမာရီယား မေတ္တာ (၁၀) ပုဒ်၊ ဂုဏ်ကျေးဇူးတော်နှင့်... 
ပရိတ်သတ်- မြတ်စွာဘုရား၏မယ်တော်... 

ဦးဆောင်သူ
ပရိတ်သတ်- ခမည်းတော်...။ အိုယေဇူး ... 

သနားခြင်း၏မယ်တော် 

သနားခြင်း၏မယ်တော် ဖြစ်ထသော ငြိမ်ဝပ်သာယာစွာ အသက်ရှင်ခြင်း ချမ်းသာကိုပေးတတ်သော ကျွန်ုပ်တို့ တောင်းတမျှော်လင့်ရာလည်းဖြစ်သော သခင်မ မင်္ဂလာဖြစ်စေသတည်း။ ဆင်းရဲရာဌာန၌ ရှိနေကြသော ကျွန်ုပ်တို့ ဧဝသားစုတို့သည် သခင်မထံတော်သို့ ကြွေးကြော်လျှောက်ပါသည်။ ဤမျက်ရည်ယိုရာအရပ်က ညည်းတွားငိုကြွေးခြင်းနှင့် သခင်မနောက်တော်သို့ ကျွန်ုပ်တို့ ဆုပန်တောင်းကြပါသည်။ ကျွန်ုပ်တို့၏ ရှေ့နေရှေ့ရပ်ဖြစ်သော သခင်မ၊ သနားတတ်သော မျက်စိတော်ကို ကျွန်ုပ်တို့ဆီသို့ လှည့်လည်တော်မူပါ။ ကြင်နာသနားခြင်း၊ ချစ်ခင်စုံမက်ခြင်း၊ သိမ်မွေ့နူးညံ့ခြင်း၊ သီလနှင့်ပြည့်စုံတော်မူသော အို ကညာမာရီယား၊ ဤဆင်းရဲရာဌာနမှ လွတ်မြောက်သောအခါ သခင်မ၏ဝမ်းတော်၌ စွဲနေတော်မူပြီးသော အထူးအလွန် မွန်မြတ်တော်မူလှသော သားတော်ယေဇူးကို ကျွန်ုပ်တို့အားပြတော်မူပါ။  

No comments

Theme images by dino4. Powered by Blogger.