Way of the Cross in Burmese/Myanmar သခင်ယေဇူးခရစ္စတူး ဒုက္ခစရိယာကျင့်ခံတော်မူသောလမ်း

                     သခင်ယေဇူးခရစ္စတူး ဒုက္ခစရိယာ                           ကျင့်ခံတော်မူသောလမ်းတည်း 

The Way of the Cross: a Meditation - YouTube

ရှိခိုးကိုးကွယ်ခြင်းကို ခံထိုက်တော်မူထသော၊
- အို.. ယေဇူးသခင်၊ ကိုယ်တော်၏ခြေရင်း၌ ညွှတ်ပျပ်ဝပ်တွား လျက်ရှိ၍၊ အသနားတော်မြတ်ကို ခံလိုသော အကျွန်ပ်တို့အား လည်းကောင်း၊ သေလွန်ကုန်သော ခရစ္စတီအန်တို့အားလည်းကောင်း၊ ကယ်မသနားတော်မူပါ။ ယခုဆဲဆဲ အောင့်မေ့ဆင်ခြင်ရှေးရှုပါအံ့သော ကိုယ်တော်၏ ဒုက္ခစရိယာမှ မဟာကုသိုလ်တော်အကျိုးဆက်ကို၊ အကျွန်ပ်တို့က ခံစားကြပါစေသောဝ်၊ နောက်တော်သို့လိုက်၍၊ ဒုက္ခစရိယာကို မျက်မှောက်ပြုကြရာ၊ ကြီးစွာသော သံဝေဂစွဲ၍၊ ဤအသက်အတွင်း အချွတ်တွေ့ကြုံရသော ဒုက္ခဆင်းရဲနှင့်၊ နှိမ့်ချ ရှုတ်ချရာကိုအသင့်ရိုသေသောသဘောဖြင့်သည်းခံနိုင်ပါမည်အကြောင်းအား တန်ခိုးပေးသနားတော်မူပါ။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။
အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။
 ----------------------------

ပထမအရပ်
သေစေဟူ၍ သခင်ယေဇူးသည်စီရင်ဆုံးဖြတ်ခြင်းကို ခံတော်မူရာ အရပ် 

မဟာယေဇူးသည်ကာဣဖါ အမည်ရှိသော ရဟန်းပရောဟိတ်ကျောင်းတွင်လည်းကောင်း၊ ဟေရုဒ်အမည်ရှိသော မင်းအိမ်တွင်လည်းကောင်း ကဲ့ရဲ့ခနဲ့မထီလေးစားပြုခြင်းခံရာမှ၊ ဆင်းလာတော်မူလျှင်ပီလာတူးမင်းရုံးတော်သို့ ဆွဲငင်တွန်းထိုးပို့ယူကြကုန်၏။ အသားအရေ စုတ်ပဲ့ အောင်ရိုက်နက်ကုန်၏။ ဆူးခွေဖြင့်ပြီးသော ဦးဗောင်းကိုကိုယ်တော်မြတ်ခေါင်းတော်ပေါ်မှာ၊ စွပ်နက်ကြကုန်၏။ ကမ္ဘာကုန်လျှင်မလွဲသက်ရှိသက်မဲ့လူအပေါင်း တို့ကို၊ စီရင်စစ်ကြောတော်မူအံ့သော ပုဂ္ဂိုလ်မြတ်သည်သေစေဟူ၍ အသရေမဲ့သူကဲ့သို့ စီရင်ချက်ကိုခံချေသည်တကား...

မေတ္တာ

 မွန်မြတ်လှသော ယေဇူးသခင်အကျွန်ုပ်တို့ ကိုယ်စားဝင်၍ ဒုက္ခစရိယာကို ခံတော်မူသည်မှန်ပေ၏။ အကျွန်ုပ်တို့ကိုကယ်ချွတ်ခြင်းငှာ၊ သေစေဟူ၍ စီရင်ဆုံးဖြတ်ခြင်းကိုလည်း ခံတော်မူသည်မှန်ပေ၏။
အို... ချစ်ဖွယ်လှသော သခင်၊ အကျွန်ုပ်တို့ ပြုမိသမျှအပြစ်ကို စိတ်ကုန်၊ ဥာဏ်ကုန်၊ အားနှင့်အမျှ စက်ဆုပ်ရွံရှာကြသည်ဖြစ်၍ အသနားတော်မြတ်ကိုခံသဖြင့်ခွင့်လွှတ်ခြင်းချမ်းသာကို ရပါမည့်အကြောင်း၊ တောင်းလျှောက်ကြပါ
(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။
သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက် ချမ်းသာစွာရှိစေသော်။ အာမင်။
မဟာသားတော်တွဲလွဲနေစဉ် စိတ်ဒုက္ခနှင့် ပြည့်စုံမယ်တော် ကရူစူးရင်း၌ မတ်တတ်နေ။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။ အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။
 ----------------------------

ဒုတိယအရပ်
သခင်ယေဇူးသည်ကရူစူးကိုထမ်းယူတော်မူသည့်အရပ် 

လွတ်လပ်ရာမရှိတစ်ကိုယ်လုံးဒဏ်ရာနှင့် ပြည့်ငြားသော်လည်း ကိုယ်တော်၏ ပုခုံးပေါ်မှာ အလွန်လေးသော ကရူစူးကိုတင်ကြ၏။ ကိုယ်တော်မြတ်မူကား နူးညံ့သိမ်မွေ့သောစိတ်နှင့် ထိုကြီးမားသော ကရူစူးကို ခံယူတော်မူသည်သာမက ထိုကရူစူး၌ သတ်ထားခြင်းကို ခံယူတော်မူခြင်းအားဖြင့်၊ လူအပေါင်းတို့ကိုကယ်ချွတ်တော်မူမည်အလိုတော်ရင်းရှိသောကြောင့်အားရ လှသောစိတ်နှင့်ထိုကရူစူးကို ခံယူတော်မူသတည်း။

မေတ္တာ 

အကျွန်ုပ်တို့ အသနားတော်မြတ်ခံပါသည်အသက်မကွာ ကြုံမြဲ ဒုက္ခဆင်းရဲကိုသိမ်မွေ့နှိမ့်ချရိုသေစွာ သည်းခံ၍ နောက်တော်ကိုအားမလျော့ရဲရဲလိုက်လိုသော စေတနာစိတ်ကို ဒုက္ခစရိယာ မဟာ ကုသိုလ်တော်ကို ထောက်တော်မူ၍ ပေးသွင်းတော်မူပါ၊ ယေဇူး အကျွန်ုပ်တို့သခင်။
(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။
သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။
ပူဆွေးညည်းတွား၊ ရှိုက်ငင်နေသော မြတ်မယ်တော်၏ နှလုံးတော်ကို သန်လျက်ထိုး၍၊ ဖောက်လေ၏။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။ အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။
 ----------------------------

တတိယအရပ်
သခင်ယေဇူးသည်ကရူစူးကိုထမ်းရာတွင်ပထမတစ်ကြိမ်လဲတော်မူသည့်အရပ် 

ကိုယ်တော်သည်အလွန်လေးသော ကရူစူးအောက်မှာ ကုန်း၍ ဟိုက်လျက်ရှိတော်မူသည်တကား။ ကာလာဝါရီ တောင်ထက်သို့ ရွှေစက်တော်ပြောင်းစပြု၍ ယုတ်မာသောသူတို့၏ အပြုအမူနှုတ်ကျူး လက်ကျူးမှုများကိုသည်းခံတော်မူသည်။ သံလွင်ဥယျာဉ်တွင်ခံတော်မူခဲ့သော ဝေဒနာကြောင့် မောပန်းခြင်းအားကြီးလှ၍ ဒဏ်ရာဒဏ်ချက်အပြည့်ရှိတော်မူသည်။ ခွန်အားနည်းပါး၍ ကရူစူးအောက် မြေပေါ်မှာလဲတော်မူသည်။

မေတ္တာ 

အကျွန်ုပ်တို့ အပြစ်များကြောင့်အလွန်လေးသော ကရူစူးကိုထမ်းယူတော်မူစဉ်တွင်ထိုကရူစူးအောက်၌ လဲတော်မူသော အို.. ယေဇူးသခင်၊ ကိုယ်တော်ကျင့်ခံတော်မူသော ဒုက္ခစရိယာကို ဆင်ခြင်အောက်မေ့သဖြင့်သမ္မာသတ္တိသမ္မာဝိရိယနှင့်ကိုယ်စိတ်နှလုံးတို့ကို စောင့်စည်း ချုပ်တည်း၍ မကောင်းရှိသမျှကို ကြည်ရှောင်နိုင်ပါမည့်အကြောင်း အားတန်ခိုး ပေးသွင်းတော်မူပါ။
(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။
 သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။
မွန်မြတ်လှသော မယ်တော်ရှင်၏ စိတ်နှလုံး ကြေကွဲညှိုးငယ်ခြင်း မည်မျှလောက်ကြီးပြင်းသနည်း။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။
အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။
----------------------------

စတုတ္ထအရပ်
သခင်ယေဇူးသည်မယ်တော်နှင့်လမ်းတွင်တွေ့ကြုံတော်မူသည့်အရပ် 

သခင်ယေဇူးသည်ကရူစူးကိုထမ်းတော်မူလျက်လဲသောကြောင့်ဒဏ်ရာ ဒဏ်ချက်အနာအဆာထ၍ ဝေဒနာကြီးပြင်းလှ၏။ ရှေ့တိုး၍ ရွှေစက်တော်ပြောင်း တော်မူလျှင်မယ်တော်နှင့်လမ်းတွင်တွေ့ကြုံ တော်မူ၏။ ဤတွေ့ကြုံခြင်းကား၊ အဘယ်သို့သော တွေ့ကြုံ ခြင်းနည်း။ သန်လျက်နှင့်တူ၍ မယ်တော်၏ နှလုံးတော်ကိုထိုးဖောက်သော နာကျင်ခြင်းဝေဒနာကို မည်သို့အား ဖြင့်ဆင်ခြင်၍ ပြပါမည်နည်း။ သားတော်လည်း မိမိမယ်တော်၏ ပူဆွေး နာကျင်ခြင်းကို မြင်တော်မူလျှင်ရွှေနှလုံးတော်၌ ဖြစ်ရာကို မည်သူအောက်မေ့ဆင်ခြင်နိုင်ပါမည်နည်း။

မေတ္တာ 

အို.. ယေဇူးသခင်ကိုယ်တော်၏မယ်တော်၌ သက်တော်မူသည်ကြင်နာသနားခြင်းကို ထောက်တော်မူ၍ အကျွန်ုပ်တို့အား သနားတော်မူပါ။ ပူဆွေးနာကျင်လှသော အိုမယ်တော်မာရီယား၊ သားတော်သည် ကျင့်ခံတော်မူသော ဒုက္ခစရိယာကိုထောက်၍ အကျွန်ုပ်တို့အဖို့ငှာ ထပ်ဆင့်ဆုတောင်းတော်မူသဖြင့်၊ အဆုံးစွန်သောနေ့၌ အမျက်တော်နှင့်ကင်းလွတ်ကြနိုင်မည့်အကြောင်း မစတော်မူပါ။
(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။
သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။
သားတော်ခံရာ ဒုက္ခများကို ကြင်နာမယ်တော်ကြည့်မြင်သောအခါ၊ ညည်းတွားရှိုက်ငင်နေလေ၏။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။
အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။
 ----------------------------

ပဉ္စမအရပ်
အာဏာသားတို့သည်ဆီမုန်ဆီရေနေဦးကိုသခင်ယေဇူးကိုယ်စား ကရူစူးကို ၀င်၍ထမ်းစေသည့်အရပ် 

ကိုယ်တော်၌ ခွန်အားကုန်၍ရှေ့သို့ ရွှေစက်ကို ပြောင်း တော်မူနိုင်သောကြောင့်အာဏာသား သူယုတ်တို့ သည်ဆီမုန်ဆီရေနေဦး မည်သော သူကိုအနိုင်အထက်ပြု၍ သခင်ယေဇူး ကိုယ်စား ကရူစူးကို ထမ်းစေကုန်၏။ ဆီမုန်ဆီရေနေဦးသော်ကား ကရူစူး အာနုဘော်ကြောင့်စိတ်ထားရင်းလည်း ပြောင်း၍ တပုံတခြားဖြစ်လာလျှင်ရှေ့လက်ဦး မနှစ်သက်မခံလိုသောအရာကို နောက်ကို စိတ်ပါ ကိုယ်ရောက် ၀မ်းသာစွာ ထမ်းယူလေ၏။

မေတ္တာ 

အို.. ယေဇူးသခင်ကျေးဇူးပြုတော်မူ၍ အကျွန်ုပ်တို့သည်ကိုယ်တော်နှင့်အတူကရူစူးထမ်းရပါ မည့်အကြောင်း ကရူစူးထမ်းခြင်း၌ သာလျှင်အကျွန်ုပ်တို့ ဂုဏ်ဖော်ကြပါမည့်အကြောင်း ကရုစူး အာနုဘော် တော်အားဖြင့်လောကီသားတို့ နှစ်သက်ရာကိုမလိုက်စွန့်ပစ်နိုင်မည့်အကြောင်း သခင်၏ နာမတော် မြတ်ကြောင့်ဒုက္ခဆင်းရဲရောက်တိုင်း ကျေးဇူးတော်ထင်မှတ်၍ မတွန့်မတိုဘဲ ၀မ်းသာ ၀မ်းမြောက်ခြင်းနှင့် သည်းခံနိုင်ပါမည်အကြောင်း အားတန်ခိုး ပေးသွင်းတော်မူပါ၊ သခင်။
(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။
သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။
အ ပြင်းထန်လှစွာ ခံတော်မူသော။ မြတ်မယ်တော်ကို မည်သူမြင်လျှင်၊ မငိုပဲ နေနိုင်မည်လော။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။
အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။
----------------------------

ဆဋ္ဌမအရပ်
ဝေရောနိကာအမည်ရှိသော မိန်းမတစ်ယောက်သည်သခင်ယေဇူး၏ မျက်နှာတော်ကို ပဝါနှင့်သုတ်သည့်အရပ်

 ရွှေမျက်နှာတော်၌ ချွေးစီးယို၍ ကိုယ်တော်သည်ရှေ့သို့ကြွ လျှောက်တော်မူလျှင်မိန်းမတစ်ယောက် သည်ကြင်နာသနားခြင်း စိတ်စွဲ၍ ငယ်သားအစုထဲသို့ ၀င်သဖြင့်ရွှေမျက်နှာကိုပ၀ါဖြင့်သုတ်လေ၏ ထိုမိန်းမပြု မိသော ကျေးဇူးကောင်းမှုကိုသိတော်မူ၍ဆပ်တော်မူချင်သော ရွှေစိတ်တော် ရှိတော်မူသောကြောင့်ကိုယ်တော်သည်ရွှေမျက်နှာတော်ပုံကို ပ၀ါပေါ်၌ ကပ်စွဲစေ တော်မူသတည်း။

မေတ္တာ 

အို ယေဇူးသခင်ကိုယ်တော်၏ဒုက္ခစရိယာကို ရှေ့ရှုထောက်မျှော်ဆင်ခြင်သဖြင့် အလွန်ရိုသေကြင်နာတတ်သော စိတ်ကျူးလွန်မိသော အပြစ်များကြောင့် ပြင်းထန်သော နာကျင်ခြင်းစိတ် ဆပွား တိုးတတ်သော သဒ္ဒါ မြတ်နိုးခြင်းစိတ်ဤစိတ်သုံးပါးကိုအကျွန်ုပ်တို့၌ အမြဲစွဲအောင် ကယ်မတော်မူပါ။ အကျွန်ုပ်တို့သည်အရှင်သခင်နှင့်တူပါအံ့သည်တိုင်အောင်သခင်၏ အသွင် ရွှေပုံတော်ကိုအကျွန်ုပ်တို့၏ နာမ်ဝိညာဉ်၌ ကပ်ရိုက်စွဲစေတော်မူပါ။
(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။
သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။
အာမင်။
ခရစ္စထူးမယ်တော်၊ သားတော်မြတ်န ဒုက္ခခံစဉ်မြင်သောသူကား၊ မညည်းတွားပဲ ရှိမည်လော။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။
အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။
----------------------------

သတ္တမအရပ်
သခင်ယေဇူးသည်နှစ်ကြိမ်မြောက်မြေပေါ်မှာ လဲတော်မူသည့်အရပ် 

ကိုယ်တော်သည်အရိုက်အနက်ဆင်းရဲအမျိုးစုံခံခြင်း ကြာင့်တစ်ချက်၊ သွေးယိုစီးခြင်းကြောင့်တစ်သွယ်၊ ခွန်အားနည်းပါး၍ မြေပေါ်မှာ နှစ်ကြိမ်မြောက်လဲတော်မူ၏။

မေတ္တာ 

အို ယေဇူးသခင်ကိုယ်တော်ခံတော်မူသည့်ဒုက္ခအာက်မှာ လည်းကောင်း အကျွန်ုပ်တို့ ပြစ်ဒုစရိုက် အလွန်လေးသော ၀န်အောက်မှာ လည်းကောင်း လဲတော်မူသည်။ တရားတော်ကို ပြစ်မှားကျူးလွန်သဖြင့် အထပ်ထပ်ကြိမ်ကြိမ်ရွှေနှလုံးတော်ကို နာကျင်အောင်ပြုမိပါပြီ။ အို.. သခင်၊ ကျွန်ုပ်သည်ထပ်၍ အပြစ်မကောင်းမှုကို ပြုရအံ့လျှင်ယခုပင်မချွတ် အသက်အသေခံပါစေသောဝ်
(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။
သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။
 အာမင်။
မိမိချစ်မျိုး အပြစ်များကြောင့်၊ ဒုက္ခကျင့်စဉ်ခံတော်မူသော၊ ယေဇူးကို မြင်တော်မူ၏။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြ အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။
 ----------------------------

အဋ္ဌမအရပ်
ယေရုဇလင်မြို့ မိန်းမတို့သည်နောက်တော်သို့လိုက်၍ သခင်ယေဇူးအတွက်ကြောင့် ငိုကြွေးကြသည့်အရပ် 


ယေရုဇလင်မြို့သူမြို့သားတို့တွင်အချို့သော မိန်းမတို့သည်အရိုက်အနှက်အပူအပန်းခံသော ယေဇူးကို ဖူးမြင်ရလျှင်ကြင်နာခြင်းစိတ်အထူးသဖြင့်သက်၍ ငိုကြွေးညည်းတွားကြ၏။ မြို့တော်ကြီး အပေါ်မှာ မကြာဆဲဆဲရောက်ရအံ့သော ဘေးဒဏ်ကို မြော်မြင်တော်မူလျှင်ထိုမွန်မြတ်သော မိန်းမများဘက်သို့ ရွှေမျက်နှာတော်လှည့်တော်မူ၍ သမီးများတို့ ငါ့အတွက်ကြောင့်မငိုကြွေးကြနှင့်သင်တို့အဖို့ သင်တို့၏ သားသမီးတို့အဖို့ ငိုကြွေးကြလော့ဟု ဗျာဒိတ်တော်ရှိ၏။

မေတ္တာ 

အကျွန်ုပ်တို့သည်အပြစ်ရှိသောသူဖြစ်ပါသည်ကိုယ်တော်ခံတော်မူသော မဟာဒုက္ခအကြောင်းရင်းကား အကျွန်ုပ်တို့ပင်ဖြစ်သည်ကိုဆင်ခြင်အောက်မေ့လျှင်သြော် အရှင်သခင်၊ နာကျင်လှ၍ ငိုကြွေးကြပါ၏။ ဤယခုမျက်မှောက်ဘဝ ကိုယ်တော်ကို ပစ်ပယ်သော သူတို့ခံရအံ့သောဒဏ်မှအကျွန်ုပ်တို့ ကင်းလွတ် ၍နောင်ဘဝ အခွင့်ချမ်းသာကို ခံထိုက်ရအောင်ငိုကြွေးခြင်း သံဝေဂစိတ်ကိုအကျွန်ုပ်တို့အား ကယ်မ၍ ပေးသွင်းတော်မူပါ။
(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။
သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။
နှလုံးကြေကွဲ သက်တော်စွန့်လျက် သိမ်မွေ့လှသော သားတော်မြတ်ကို။ မယ်တော်မျက်စိမြင်ရ၏။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။
အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ
----------------------------


နဝမအရပ်
 သုံးကြိမ်မြောက်မြေပေါ်မှာ လဲတော်မူသည့်အရပ် 

ကိုယ်တော်မြတ်သည်ကာလဝါရီတောင်ပေါ်သို့ ရောက်လုပြီ။ ကရုစူးတံကျင်၌ သတ်ထားခြင်းကို ခံတော်မူအံသော အရပ်သို့ ရောက်တော်မမူမီအားကုန်သောကြောင့်သုံးကြိမ်မြောက်လဲတော်မူလေ၏။ ဤသို့လဲတော်မူသော်လည်း အာဏာသား သူယုတ်တို့သည်အသနားမဲ့ရက်စက်သောစိတ်ဖြင့် ကိုယ်တော်မြတ်ကိုတွန်းထိုး ဆွဲငင်အပူတပြင်း ရိုက်သေးသတည်း။

မေတ္တာ 

အို.. ယေဇူး၊ အကျွန်ုပ်တို့သခင်နာကျင်လှသော သုံးကြိမ်မြောက်အောင်လဲတော်မူသည်အခြင်းအရာ မဟာကုသိုလ်တော်ကို ထောက်၍ အကျွန်ုပ်တို့ ကျူးလွန်ပြစ်မှားမိသမျှကိုလည်းကောင်း အကျွန်ုပ်တို့ အမိုက်မှားရာ၌ ကြာမြင့်စွာနေမိသည်ကိုလည်းကောင်း ခွင့်လွှတ်တော်မူပါ။ ထိုမှတစ်ပါး ကိုယ်တော်ခံ တော်မူသည့်အံ့ဖွယ်သောဒုက္ခကို အောက်မေ့သဖြင့်အကျွန်ုပ်တို့ ကျူးလွန်မိသမျှကိုတိုး၍ တစ်နေ့တခြား ရွံရှာမုန်းနိုင်အောင်ကျေးဇူးတော်ကို ပေးသနားတော်မူပါ။
(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။
သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။
အာမင်။
ချစ်ဖွယ်လှသော အိုမယ်တော်ရှင်၊ ခံတော်မူသော ပူဆွေးခြင်းကို ငါသည်းခံအောင်ပြုပါလော့။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။
အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။
 -----------------------

ဒသမအရပ်
သခင်ယေဇူး၏ ဝတ်လုံတော်ကို ချွတ်ခွာကြသည့်အရပ် 

အသက်တော်စွန့်၍ ပူဇော်တော်မူအံ့သော အရပ်သို့ ရောက်တော်မူလျှင်အာဏာသားတို့သည်သခင် ယေဇူးကိုတံကျင်၌ ရိုက်ထားကြအံ့ဟူ၍ အစပြုကြ ကုန်၏။ ဒဏ်ရာဒဏ်ချက်မှ၊ ယိုစီးသော အသွေးအား ဖြင့်အသားအရေကို ကပ်လျက်နေသော အဝတ်စုကိုဆွဲငင်ချွတ်ခွာကြသည်ဖြစ်၍ အလွန်စင်ကြယ် တော်မူသော ကိုယ်တော်သည်မတ်တက်ကြည့်နေသော သူအပေါင်း တို့၏ ရှုတ်ချကဲ့ရဲ့ ပြုခြင်းတို့ကို ခံတော်မူ၏။

မေတ္တာ 

အို... သိမ်မွေ့နူးညံလှသောသခင်ကျွန်ုပ်တို့မကောင်းသော အပြုအမူများကြောင့်အလွန်ရှက်ဖွယ်သော အခြင်းအရာကိုကျင့်ခံတော်မူပေသည်လောကီသားတို့၏ မျက်နှာကို ထောက်စာ တတ်သောစိတ်၊ ထောင်လွှားတတ်သောစိတ်မာန်မာနစိတ်များကိုအကျွန်ုပ်တို့မှ ပယ်ရှားတော်မူပါ။ နောင်ဘဝမှာ ကြောက်မက်ဖွယ်သော ဘေးဒဏ်မှကင်းလွတ်နိုင်မည့်အကြောင်း ယခုဘဝမှာ ကိုယ်စိတ်နှစ်ပါးကို နှိမ့်ချ ချုပ်တည်း နိုင်အောင်အကျွန်ုပ်တို့အား အားတန်ခိုး ပေးသနားတော်မူပါ။
(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွန်ုပ်တို့အား ကယ်မသနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မသနားတော်မူပါ။
သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။
ရွှေမျက်နှာကို ရထိုက်ခြင်းငှာ၊ ခရစ္စတူးအား သဒ္ဒါကြည်ညိုခြင်းတရား၊ ငါ့စိတ်၌ တိုးပွားစေလော့။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။
အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။
----------------------------

ဧကဒသ
သံမယ်နနှင့်ကရူစူးတံကျင်ပေါ်မှာ လက်ဖဝါး ခြေဖဝါးတော်တို့ကို ရိုက်ထားကြသည့်အရပ် 

သည်အရပ်မှာ အာဏာသားတို့သည်ကရုစူးတံကျင်ကို မြေ၌ ချထား၍ ချည်နှောင်ကြ၏။ ထိုသောအခါ ကိုယ်တော်မြတ်သည်လူအပေါင်းတို့ အတွက်ကြောင့်ဒဏ်ရာနှင့်ပြည့်သော မိမိကိုယ်တော်ကို ဘုရားသခင်အား ပူဇော်တော်မူ၏။ ပူဇော်တော်မူပြီးလျှင်အသက်တော်အသေခံတော်မူမည့်အကြောင်း သူသတ်တို့လည်း လက်ဖ၀ါး ခြေဖ၀ါးတော်တို့၌ ကြီးသော သံမှိုကို ရိုက်နှက်ကြ သတည်း။ အသွေးတော် အလိမ့်လိမ့်ယိုစီးလေသည်တကား။


မေတ္တာ 

တံကျင်ပေါ်မှာ တွဲလွဲနေတော်မူသော အိုယေဇူးသခင်ကိုယ်တော်၏ ကရူစူးခြေရင်း၌ မကွာစိတ်နှလုံးဖြင့် အမြဲမကွာ တွယ်ကပ်အောင်ကယ်မ တော်မူပါ။ ကိုယ်တော်နှင့်အသက်ထက်ဆုံး ပေါင်းယှက် လျက်နေပြီးမှအကျွန်ုပ်တို့ နာမ်ဝိညာဉ်ကို ရွှေလက်တော်၌ အပ်နှံရပါမည့်ကျေးဇူးတော်ကို ကယ်မသနားတော်မူပါ။
(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။
သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။
မွန်မြတ်မယ်တော်၊ ခရစ္စတူးဒဏ်ရာ ငါ့နှလုံး၌ သံမှိုကဲ့သို့ ကြပ်တည်းစွာ သွင်းစွဲပေးလော့။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။
အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။
----------------------------

ဒွါဒသမအရပ်
သခင်ယေဇူးသည်ကရူစူးပေါ်မှာ အသက်တော်ကို စွန့်တော်မူရာအရပ် 

 သခင်ယေဇူးသည်သံစွဲရာလက်နှစ်ဘက်တို့ဖြင့်၃ နာရီတိုင်အောင်ကရူစူး၌ တွဲလွဲနေတော်မူခဲ့ပြီ အသွေးတော်သည်ပန်း၍ ယိုစီးသဖြင့်တစ်ကိုယ်လုံး၌ သွေးချောင်း အပြည့်ရှိ၍ မြေကြီးပေါ်မှာလည်း အနှံအပြားရှိ၏။ အတိုင်း မသိသော ဒုက္ခကို ခံတော်မူရာတွင်သူသတ်တို့ အပေါ်မှာ ဆုတောင်းတော်မူခဲ့ပြီ စိတ်ကောင်းသွင်းမိ၍ အတူခံရသော သူခိုးတစ်ယောက်ကိုအသက်ရှင်ခြင်း ချမ်းသာကို ကတိထားတော်မူလျက်မယ်တော်ကို ချစ်သော တပည့်တော်အား အပ်လိုက်တော်မူ၍ယခု ခပ်သိမ်းသောအရာ အချက်ပြည့်စုံပါပြီဟု မြွက်တော်မူပြီးမှ ဦးညွှတ်တော်မူ၍ အသက်တော်စွန့်လိုက်တော်မူ၏။

မေတ္တာ 

အသက်တော်ကို မငဲ့ကွက်ဘဲ ကရူစူးအပေါ်မှာ သေသည်တိုင်အောင်အကျွန်ုပ်တို့ကို နှစ်သက် နှမြောတော်မူပေသော အိုချစ်ဖွယ်သော ယေဇူးသခင်ထိုကရုစူးကို ရိုသေစွာ အကျွန်ုပ်တို့ ပွေ့ပိုက်ကြပါ၏။ ထိုသေခြင်းအကျိုးကိုအကျွန်ုပ်တို့ ထင်စား ခိုလှုံအမှီပြုကြပါ၏။ ရှင်သော်လည်းကောင်း သေသော်လည်းကောင်း အကျွန်ုပ်တို့သည်ကိုယ်တော်၌ တည်နေလိုကြပါသည်ဖြစ်စေ သောဝ်။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။
သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။
ကျွန်ုပ်အတွက်ကြောင့်၊ ခံတော်မူသော သားတော်မြတ်၏ ဒုက္ခများကို ငါနှင့်ခွဲဝေပေးပါလော့။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။ အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။
----------------------------

တေရသအရပ်

အလောင်းတော်ကိုကရူစူးပေါ်ကချ၍ မယ်တော့်ရင်ခွင်ပေါ်မှာတင်ထားကြသည့်အရပ် 

ငယ်သားအစုသည်ကလ’၀ါရီတောင်ပေါ်က ဆင်းကြ ကုန်ပြီညှိုးငယ်ပူးဆွေး နာကျင်လှသော မယ်တော်၏ စိတ်ကို နှစ်သိမ့်စေခြင်ငှာ အထူးချစ်တော်မူသော တပည့်တော်လည်း ယေရုဇလင်မြို့ သမီးသူတော်မများ နှင့်သာ ကျန်ရစ်ကြ ကုန်၏။ အာရိမာတေယုမြို့သား ဇူဇယ်နှင့်နိုကော်ဒေမူး နှစ်ယောက်တို့သည်လာ၍ ကရုစူးပေါ်က ချပြီးလျှင်အလောင်းတော်ကို မယ်တော်သခင်မ အားအပ်၍ ရင်ခွင်ပေါ်မှာ တင်ထားကြ၏။

မေတ္တာ 

အထူး အလွန်ပူပန်ပူဆွေး ညှိုးငယ်သော သြော်မွန်မြတ်သော မယ်တော်သခင်မ ခံရသောပူပန်ခြင်း ဒုက္ခကုသိုလ်အကျိုးဆက်ကိုအပြစ်ရှိသောသူအကျွန်ုပ်တို့အား အမျှဝေတော်မူပါ။ အကျွန်ုပ်တို့ စိတ်နှလုံး ဆင်းရဲ နွမ်းရိခြင်းအဖြစ်ကို ထောက်တော်မမူပါနှင့်တပည့်တော်ကြီး ဇွင်နှင့်မခြား အကျွန်ုပ်တို့ကို သခင်မသားကဲ့သို့ မှတ်တော်မူပါ အကျွန်ုပ်တို့၌ မယ်တော်ပြုတော်မူပါ။ သခင်မသားတော်ယေဇူး ဘုရားသည်အကျွန်ုပ်တို့ ဆုတောင်းသံကို ရွှေနားတော်ယူတော်မူပါသည်ဖြစ်စေသောဝ်။
(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။
သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။
သက်လျာပတ်လုံး ကျွန်ုပ်ငိုရန် သားတော်မြတ်၌ ကြင်နာရအောင် ကျေးဇူးကို ပေးတော်မူပါ။
အို … ခရစ္စတူး၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။
အကြောင်းမူကား၊ ကိုယ်တော်သည်ကရူစူး အာနုဘော်အားဖြင့်လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။
 ----------------------------

စုဒသမအရပ် 

အလောင်းတော်ကို မြုပ်ထားကြသည့်အရပ် 

တပည့်တော်တို့နှင့်မိတ်ဆွေတော်တို့သည်သခင်ယေဇူး၏ အလောင်းတော်ကိုအသစ်ဖြစ်သော ကျောက်ခေါင်းတစ်ခု၌ ချထားပြီးလျှင်သင်္ချိုင်းအဝကိုအလုံးကြီးလှသော ကျောက်တစ်ခုနှင့် ဖုံးပိတ်ကြကုန်၏။ အလောင်းတော်သည်မိမိတန်ခိုးတော်အားဖြင့်ရှင်ပြန်တော်မူမည့်တိုင်အောင် အသက်မဲ့သော အဖြစ်၌ နေတော်မူ၏။

မေတ္တာ 

အို... မြတ်စွာဘုရားသခင်၊ ကိုယ်တော်ချိန်းချက်တော်မူသော အချိန်နှင့်အရပ်မှာ အကျွန်ုပ်တို့သည်လည်း မလွဲသေရလိမ့်မည်။ သို့ဖြစ်သော်လည်း အလိုတော်ရှိရာ ပြည့်စုံပါစေ အပြစ်ရှိ၍ ယုတ်မာသော အကျွန်ုပ် တို့၏ ကိုယ်ခန္ဓာမှာ အမိရင်းမြေသို့ ပြန်ဝင်ပါလေစေ ကရုဏာ သနားခြင်းနှင့် ပြည့်စုံတော်မူလှသော အို.. မြတ်စွာသခင်မသေနိုင်သော အကျွန်ုပ်တို့ နာမ်ဝိညာဉ်ကိုလက်ခံတော်မူ၍ ကမ္ဘာကုန်လျှင်လည်း အကျွန်ုပ်တို့ ကိုယ်ခန္ဓာ ရှင်ပြန်သောကာလ ကိုယ်တော်အား အဆက်ဆက်ထောပနာပြုနိုင်မည်အကြောင်း သုခရွှေနိုင်ငံတော်မှာ အကျွန်ုပ်တို့ကိုသိမ်းယူတော်မူပါဖြစ်စေသောဝ်။
(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါသခင်။
အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။
သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည်အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။
ကရူစူး ခြေရင်း၌ ရပ်နေ၍ မယ်တော်နှင့်တကွ ငိုကြွေးခြင်းငှာ၊ ငါစိတ်အလိုရှိပါ၏။

ခရစ္ဆတူးသခင်သည်အကျွန်ုပ်တို့အတွက်ကြောင့်သာမညသော သေခြင်းဖြင့်သေတော်မူသည်မဟုတ် ကရူစူးတံကျင်၌ အသေခံတော်မူသည်တိုင်သခင်အလိုတော်လိုက်တော်မူ၏။

ဆုတောင်းကြစို့ 

သြော်ဘုရားမြတ်စွာသခင်ငဲ့ကွက်ခြင်းမရှိဘဲလျက်သခင်ယေဇူးသည်မိမိကိုယ်တော်သူဆိုး သူယုတ်တို့လက်တွင်အပ်နှံခြင်းကို ခံတော်မူကြောင်း ဤကရူစူးပေါ်မှာ ပြင်းထန်စွာသောသတ်ခြင်းကို ခံတော်မူကြောင်းကိုလည်း ထောက်တော်မူ၍ ဤကိုယ်တော်တပည့်စုကို ကြည့်ရှု့စောင့်မတော်မူပါဟု အသနားတော်မြတ်ခံကြပါသည်။

No comments

Theme images by dino4. Powered by Blogger.