စိန့် ကက်သရင်း ပွဲနေ့
🌷ရဟန္တာကက်သရင်းပွဲနေ့🌹
##################
ဆေန်နာမြို့မှ စိန့် ကက်သရင်း ပွဲနေ့တော် {ဧပြီလ ၂၉}
Memorial of St. Catherine of Siena (1347 -1380)
#စိန့်ကက်သရင်း ကို အေဒီ (၁၃၄၇)ခုနှစ် မတ်လ ၂၅ရက်နေ့၊ အီတလီနိုင်ငံ (Siena)ဆေန်နာမြို့တွင် မွေးဖွားခဲ့ပါတယ်။ ကက်သရင်းကို အမှန်တရားနဲ့ တရားမျှတမှုကို ရဲရဲရင့်ရင့် ပြောရဲဆိုရဲပြီး မိမိဘဝကို ဘုရားရှင်အတွက် အထိုက်တန်ဆုံးဖြစ်အောင် ကြိုးစားရှင်သန်ခဲ့တဲ့ ဘုရားပန်းဖြူလေး အဖြစ် လူသိများပါတယ်။ ကလေးဘဝထူးခြားချက်များ... သူမအသက် ၅နှစ်အရွယ်မှာ လှေကားအတက်အဆင်းတိုင်းမှာ ဂုဏ်ကျေးဇူးတော်မေတ္တာဆိုတဲ့အကျင့်လေးလဲရှိခဲ့တယ်လေ။ သူမ ၆နှစ်အရွယ်မှာ မိ ခင်က သူမမောင်းလေး Stephen နှင့်အတူ တခြားရွာမှာရှိတဲ့ သူမရဲ့အစ်မဖြစ်သူ Boneventure ရဲ့အိမ်ကို ပစ္စည်းသွားယူစေခိုင်းချိန် အိမ်အပြန်လမ်း ဘုရားကျောင်းရဲ့ထိပ်မှာ တောက်ပတဲ့ဝတ်ရုံနှင့်အတူ ဦးခေါင်းတော်မှာ သရဖူကိုဆောင်းထားတဲ့ သခင်ခရစ်တော်ဖူးမြင်ခဲ့တယ်။ သူမ ပီတိဖြစ်ကာ ခရီးမဆက်တော့ဘဲ ထိုနေရာမှာသာ ကျန်နေခဲ့ပြီး..သူမအစ်မဖြစ်သူ သူ့နောက်ကလိုက်လာတယ်ဆိုတဲ့အတွေးကြောင့် နောက်မကြည့်ဘဲ ခရီးဆက်နေတဲ့ Stephen မှာ မိမိအစ်မကို မတွေ့တော့သဖြင့် စိုးရိမ်ပူပန်ခဲ့တယ်။ သူပြန်လှည့်လာပြီး အထက်အရပ်ကိုစိုက်ကြည့်နေတဲ့ သူ့အစ်မဖြစ်သူကို တွေ့ကာ "အစ်မရေ...ဘာလို့ အဲဒီမှာနေနေတာလဲ၊ လာသွားကြစို့" လို့အော်ခေါ်တဲ့အခါမှာ ကက်သရင်းက "အစ်မမြင်တဲ့အရာ မောင်လေးသာမြင်မယ်ဆိုရင် အစ်မကို ဘယ်တော့မှအနှောင့်ယှက်ပေးမှာမဟုတ်ဘူး" လို့ ပြောပြခဲ့တယ်။ သူမမြင်ရတဲ့ မြင်ကွင်းလေးပျောက်ကွယ်သွားပြီးမှ သူမ ငိုပြီး နှစ်ယောက်သား အိမ်ကို ပြန်ခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး ကက်သရင်းလေးက တခြားကလေးတွေနဲ့မတူဘဲ ဘုရားတရား၌ ပိုမိုစိတ်အား ထက်သန်လာခဲ့တယ်။ ဘုရားသခင်ရဲ့ဆွဲအား... သူမဟာ အိမ်မှာ တရားအားထုတ်ရတာနဲ့တင် အားမရနိုင်တော့ဘဲ တိတ်ဆိတ်တဲ့အရပ်ကို စတင်ရှာဖွေပါတော့တယ်။ မြို့ပြင်ကို တစ်ယောက်တည်း သွားရင်းနဲ့ ဂူတစ်ခုထဲဝင်ကာ ဒူးထောက်ဆုတောင်းခဲ့ပါတယ်။ ဆုတောင်းရင်းနဲ့ သူမဟာ မြေမထိတော့ဘဲ အပေါ်ကို ပင့်မြောက်ခြင်းခံရပြီး ဈာန်ဝင်နေခဲ့တယ်။ သူမပြန်လည်သတိဝင်လာပြီးနောက် သူမခံစားရတဲ့အရာဟာ နတ်ဆိုးရဲ့လှည့်ကွက်ပဲလို့ သူမထင်ခဲ့တယ်။ ၁၆နှစ်အရွယ်မှာ အစ်မဖြစ်သူ Boneventure ဆုံးတော့ ကျန်ရစ်တဲ့ ယောက်ျားကို အစ်မဖြစ်သူအစားထိုးပြီး အိမ်ထောင်ဖက်ပြုဖို့ ပြောဆိုကမ်းလှမ်းလာသဖြင့် သူမဘဝကို ဘုရားသခင်မှတစ်ပါး ဘယ်သူကိုမျှမပေးနိုင်ကြောင်း မိမိဘဝကို ငယ်ဖြူနဲ့ ဖြတ်သန်းသွားမည်ဟု ဆုံဖြတ်ချက်ချထားကြောင်း ပြောပြခဲ့ပါတယ်။ သူမရဲ့ ဆံပင်ကို ဖြတ်ပြီး အစာရှောင်ဆုတောင်းခြင်းများကို ပိုမိုပြီးစိတ်အားထက်သန်စွာ ကျင့်ကြံခဲ့ပါတယ်။ မိဘနှစ်ပါးက သူမရဲ့စိတ်အားထက်သန်မှုကို မတားဆီးနိုင်ခဲ့ကြဘူး။ နောက်ဆုံးမှာ သူမ ဒေါမိနစ်ကင် (Dominican) ရသေ့ဂိုဏ်းရဲ့ တတိယလမ်းစဉ်သွယ်မှ သီလရှင်ဝတ်ခဲ့တယ်။ သာသနာပြုရာ၌ စိတ်အားထက်သန်မှု... ဆင်းရဲသားများနှင့်မိမိအကူညီကိုလိုအပ်နေသူများကို ကူညီပေးခြင်း အလှူဒါနပြုခြင်းများပြုလုပ်ခဲ့တယ်။ ဆေးရုံဆေးခန်းတွေမှာသွားရောက်ပြီး လူနာများကို ပြုစုပေးခဲ့တယ်။ ကပ်ရောဂါစိုက်နေချိန်မို့ တချို့သောလူတွေ မလုပ်ရဲတဲ့ လူနာပြုစုခြင်းကို သူမကြိုးစားပြီး အနစ်နာခံပြီးလုပ်တယ်။ သူမအသက် ၂၁ နှစ်အရွယ်မှာ သူမကို သခင်ခရစ်တော် ကိုယ်တိုင်က သူမကို လက်စွပ် ပေးဝပ်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ထိုလက်စွပ်ကို သူမတစ်ယောက်တည်းသာ မြင်နိုင်တယ်လို့ဆိုကြပါတယ်။ ဒါအပြင် သခင်ခရစ်တော်ရဲ့ ဒဏ်ရာတော်တွေလည်း သူမခံထမ်းခဲ့ရပေမယ့် ထိုဒဏ်ရာတွေက သူမသာမြင်နိုင်တယ်လို့ ဆိုပါတယ်။ ဒီလို လူသူမသိမြင်နိုင်တဲ့ အရာတွေ ကက်သရင်း မှာ ခံစားခွင့်ရခဲ့တယ်။ အခြားထူးခြားတဲ့ ဖြစ်ရပ်များ... နောက်ထူးဆန်းတာတစ်ခုက သူမစာမရေးတတ်ပေမယ့် ဝိညာဥ်တော်ဘုရားရဲ့လမ်းညွန်မှုအောက်မှာ သူမစာစတင်ရေးသားခဲ့ပါတယ်။ ဘယ်လိုအခြေအနေဖြစ်နေပါစေ ဘုရားသခင်အသုံးပြုမယ်ဆိုရင် လူ့ဘဝက အသွားနှစ်ဖက် ထက်ချွန်တဲ့ ဓားထက်တောင်ပို စွမ်းပါတယ်။သူမရဲ့ပြောင်မြောက်တဲ့ စာပေတွေကြောင့် သာသနာတော်ကြီးက ဓမ္မသုခမိန်ဘွဲ့အပ်နှင်းကာ သူမကိုအသိအမှတ်ပြုခဲ့ပါတယ်။ ဘာသာရေးပဋိပက္ခဖြစ်နေချိန် သူမရဲ့ဟောပြောဆိုဆုံးမမှုတွေ၊ စာပေအရေးအသားတွေကလည်း အသင်းတော်ကြီးပြန်လည်စည်းလုံးလာအောင်၊ ပြန်လည်တည်ငြိမ်လာအောင် သူမစည်းရုံးနိုင်ခဲ့တယ်။ ငြိမ်းချမ်းခြင်းကို ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့တယ်။ သူမအသက် (၃၃)နှစ်အရွယ်မှာ သူမကိုသူမနှိပ်စက်တဲ့ဒဏ်တွေ၊ ဒဏ်ဆပ်ဖြေမှုတွေရဲ့အကျိုးဆက်ကို ခံနေရပါပြီနောက် ဧပြီလ ၂၉ ရက်နေ့ မှာ သူမသိပ်ချစ်ရတဲ့ ဘုရားသခင်ထံ ထာဝရသတို့သမီးဖြစ်ဖို့ လောကကြီးကို စွန့်ခွာခဲ့ပါတယ်။ သူမကွယ်လွန်ပြီးနောက် စိန့်ကက်သရင်းအား သဒ္ဒါကြည်ညိုခြင်းအားကြီးလာပြီး အေဒီ ၁၄၆၁ ခုနှစ်မှာ သူမကို ရဟန္တာအဖြစ် တင်မြောက်ခြင်းခံရပြီး အေဒီ ၁၈၆၆ ခုနှစ်တွင် ရဟန္တာ စိန့်ဖရန်စစ်အစီစီနှင့်အတူ ရောမမြို့ကို စောင်မသော ရဟန္တာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ သူမကို ကပ်ဘေး၊ မီးဘေးကြုံတွေ့ရတဲ့ သူတွေအတွက် အားကိုးရသော ရဟန္တာအဖြစ် ကိုးစားကြပါတယ်။ သူမရဲ့ အဆိုအမိန့်တစ်ခုကတော့ "အမှန်တရားကို သက်သေခံပါ။ ကြောက်စိတ်နဲ့ တိတ်ဆိတ်မနေပါနဲ့ အမှန်တရားကို သိန်းသန်းနဲ့ချီ ပြောဆိုပါ။" သူမရဲ့ အမည်ယူထားကြသူများအားလုံးကို ဘုရားသခင် ကောင်းကြီးများ ခံစားရရှိကြပါစေ။ ✍️ကြယ်စင်လေး (SJA)✍️

Leave a Comment