စိန့်အာသနားဆီအိုစ့် ပွဲနေ့
မေလ (၂) #စိန့်အာသနားဆီအိုစ့် ပွဲနေ့
************************
@- ယနေ့ပွဲနေ့ရှင်ဖြစ်သည့် (St. Athanasius of Alexandria) သည် အလွန်ခက်ခဲကြမ်းတမ်းလှသော ဘ၀ကိုဖြတ်သန်းရှင်သန်ခဲ့ရသည်။ သို့သော် ယုံကြည်ခြင်းတရားနှင့်အမိသာသနာအပေါ်၌မူ လုံး၀သစွာမပျက်၊ တရားမသွေဖီခဲ့ပေ။ သူသည်ယုံကြည် ခြင်း၏စံပြကောင်းတစ်ဦးဖြစ်ခဲ့သည်။ အထူးသဖြင့် Arius ၏အယူ၀ါဒ (Arianism) နှင့်ပတ်သက်၍ အမိသာသနာတော်ကြီးကိုရွပ်ရွပ်ချွံချွံ ကာကွယ်ပေးခဲ့သည်။ ထိုအယူ၀ါဒမှာ ယေဇူးသခင်သည် ဘုရားစဉ်စစ် မဟုတ်ဟု၍ ဖြစ်သည်။ @-ယနေ့ပွဲနေ့ရှင်၏ အလွန်ထက်ရှချွန်မြသော ကလောင်သွားသည် သူ့အား အမိသာသာနာ၏ ဖခင်ကြီးများစာရင်းလည်း ၀င်စေခဲ့သည်။ ဓမ္မရေးရာပါရဂူ ဂုဏ်ပုဒ်ကိုလည်း ထိုက်တန်စွာ ရရှိစေခဲ့သည်။ သူသည် အီဂျစ်နိုင်ငံ၊ အလက်ဇန်းဒရီယားဒေသရှိ ခရစ်ယာန်မိသားစုမှ (၁၉၆-၂၉၈)ခုနှစ်၀န်းကျင်တွင် မွေးဖွားခဲ့သည်။ သူသည်ပညာကို ကောင်းစွာသင်ကြားတတ်မြောက်ခဲ့သည်။ သူ၏ထွန်းချွန်သော ပညာကြောင့် နောက်ပိုင်းတွင် အလက်ဇန်းဒရီးယားနယ်၏ ဆရာတော် အလက်ဇန်း ဒါး၏ အတွင်းရေးမှူးဖြစ် လာခဲ့သည်။ ထို့နောက်ရဟန်းဘ၀ကိုခံယူပြီး၊ နောက်ပိုင်း၌ အလက်ဇန်းဒရီးယားနယ်၏ ဆရာတော်ဖြစ် လာခဲ့သည်။ ဆရာတော်အလက်ဇန်းဒါးသည်သာသနာ၏ အရှေ့ပိုင်း၌ ပျံ့နှံ့အားကောင်းလာနေသော Arianism ၏အယူအဆနှင့် ပတ်သက်၍ သူတို့အမှားကို ပွင့်လင်းစွာပြော ဆိုထောက်ပြခဲ့သည်။ @-ယနေ့ပွဲနေ့ရှင်သည် ဆရာတော်အလက်ဇန်းဒါး၏ အရိုက်အရာကို ဆက်ခံရသောအခါ ထို၀ါဒကို ဆက်လက်တိုက်ပွဲ၀င် ခဲ့သည်။ အစပိုင်း၌ ဤအမူသည် သာသနာကလက်ဦးမူရပြီး၊ အယူလွှဲမှားသော အုပ်စုသည် အရေးနိမ့်မည့်ဟန်ရှိနေခဲ့သည်။ လက်တွေ့၌မူထိုသို့ မလွယ်ကူခဲ့။ ထို့ကြောင့်တီရာ (Tyre) အရေးပေါ်အစည်းအဝေးကြီးကို ခေါ်၍ ဆွေးနွေးခဲ့ကြသည်။ သို့သော် ပြတ်သားသော အဖြေထွက်ပေါ် မလာခဲ့ပေ။ ထိုကိစွကြောင့် ကွန်စတန်တိုင်းဘုရင်သည် ယနေ့ပွဲနေ့ရှင်ကို Gaul သို့ ပြည်နှင်ဒဏ်ပေးခဲ့သည်။ ကွန်စတန်တိုင်းဘုရင် နတ်ရွာစံသောအခါ သူ၏သားတော်သည် ယနေ့ပွဲနေ့ရှင်ကို ဆရာတော်အဖြစ်ပြန်လည်အသိအမှတ်ပြု၍ ပြန်ခေါ်ခဲ့သည်။ ယခုတစ်ကြိမ်၌လည်း တစ်နှစ်သာခံသည်။ အဘယ်ကြောင့် ဆိုသော် arius ၏အယူ၀ါဒကို အားပေးထောက်ခံသော ဆရာတော် များ၏ ပူးပေါင်းကြံစည်မူဖြင့် တဖန်အမူတော်ဆောင်ရန် ကိစွများ ပိတ်ပင်ခံ ခဲ့ရပြန်သည်။ ထို့ကြောင့် သူသည် သူ၏အမှုကို ရောမသို့ တင်လျှောက်ခဲ့၏၊ ထိုစဉ်က ရဟန်းမင်းကြီးဖြစ်သော ရဟန်းမင်းကြီး ဂျူလီယန်(၁)သည် အစည်းအဝေးဆင့်ခေါ်ကာ ဤအမှုနှင့်ဆက်နွယ်သော ကိစွ အ၀၀ကို ဆွေးနွေးစီစစ် ခဲ့သည်။ဆရာတော်သည် စစ်မှန်သောယေဇူးသခင်၏ ဘုရားအဖြစ်တော်ကို ကာကွယ်သဖြင့် ငါးကြိမ်တိုင်တိုင် ပြည်နှင်ဒဏ်ပေးခံခဲ့ရသည်။ သူ၏ ရဟန်းမင်းကြီး အမှုတော်ကာလ၌ (၁၀)နှစ်ခန့်မျှသာ အေးဆေးငြိမ်းချမ်းစွာ ဦးဆောင်နိုင်ခဲ့သည်။ ထိုငြိမ်းချမ်းသော ကာလအတောအတွင်း စာဖတ်ခြင်း၊ စာရေးခြင်း၊ ခရစ်ယာန်အသက်တာကို ရသေ့တို့၏ ကျင့်စဉ်နှင့် အံ၀င်ခွပ်ကျဖြစ်အောင် ကြိုးစား မြှင့်တင်ပေး ခဲ့သည်။ သူသည် ရသေ့ဘ၀ကို အလွန်လေးစား ခုံမင်သူဖြစ်သည်။ သူ၏ ယုံကြည်ခြင်းနှင့် သမိုင်းကြောင်းဆိုင်ရာအရေးအသားများသည် Arianism ကို တစ်ချက်ခြင်းပြန်လည်ချေပထားပြီး၊ ထိုအုပ်စုအား အလွန်အကြပ်ရိုက်စေ ခဲ့သည်။ ဝိညာဉ်ရေးကျင့်စဉ်ကို ပြင်းပြင်းထန်ထန်ကျင့်ကြံအားထုတ်သော စိန့်အန်ထော်နီ၏ သက်တော်စဉ်အကြောင်းသည် အလွန်လူဖတ်များခဲ့ပြီး၊ အနောက်နိုင်ငံ၌ ရသေ့ကျောင်းများ ဖွင့်လှစ်ရန် အကြောင်းတရားဖြစ်စေ ခဲ့သည်။ ရသေ့တို့၏ ကျင့်စဉ်သည် အရှေ့တိုင်း၏ ၀ိညာဉ်ရေး ကျင့်စဉ်ဖြစ်ပြီး၊ အနောက်တိုင်း၌ လူသိမများသေးပေ။ @-သူသည် ဆရာတော် ဖြစ်လာသည်နှင့်အမျှ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ် ခဲ့ရသည်။ လွှဲမှားချွတ်ချောသောတရားကို မအောင်နိုင်မချင်း ရပ်တည်တွန်းလှန်ရန်အင်အားကို ရရှိခဲ့သည်။ သူသည် သိုးထိန်းကောင်းတစ်ပါး၏ အသက်တာကို ပြည့်၀စွာ ရှင်သန်ခဲ့သည်။ သူသည် ကက်သလစ်အသင်းတော်၏ စစ်မှန်သော ယုံကြည်ခြင်းအတွက် မိမိ၏အသက်ကိုပါပင် မငဲ့ဘဲ၊ မားမား မတ်မတ် ရပ်တည် ကာကွယ် ခဲ့သည်။ ယနေ့ မျက်မှောက်ကာလတွင် ကျွန်ုပ်တို့အားလုံးလည်း စိန့်အာသနားဆီအိုစ့်ကဲ့သို့ မှားယွင်းသော ဘာသာရေး၊ လူမူရေး၊ နိုင်ငံရေးအယူအဆများကို မှန်ကန်အောင် တည့်မတ်ပေးရန် လိုအပ်ပါသည်။ ထို့အပြင် မိမိကိုယ်တိုင်လည်း အမှားကို စွဲလန်းနောက်လိုက်သူ မဖြစ်စေရန် သတိကြီးစွာ လေ့လာ ဆင်ခြင်ကြပါစို့။ 🙏 စိန့်အသနားဆီအိုစ့်၊ ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးမူပါ။ အာမင်။ Crd. Cle Pike

Leave a Comment