Daily Prayer in Burmese (Myanmar) နေ့စဉ် ဆုတောင်းမေတ္တာများ

Prayer Sketch praying hands Royalty Free Vector Imageနေ့စဉ် ဆုတောင်းမေတ္တာများ


ခရစ္ဆ္ဆတူးအမှတ်တားခြင်း။

ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်မြတ်၌ အာမင်။


သန့်ရှင်းသောဝိညာဉ်တော်ကို ဖိတ်ခေါ်ခြင်း

* အိုသန့်ရှင်းသော ၀ိညာဉ်တော်မြတ်ဘုရားကြွလာတော်မူပါ။
* ဘာသာတူ အပေါင်းတို့၏ နှလုံးပြည့်ဝစေတော်မူ၍ ချစ်လေးမြတ်ခြင်း မီးလျှံဖြင့်လည်း ထွန်းတောက်စေတော်မူပါ။
* ၀ိညာဉ်တော်မြတ်ကို စေလွှတ်သဖြင့် ဘာသာတူတို့၏ ၀ိညာဉ်တို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်ပါလ်ိမ့်မည်။
* မြေမျက်နှာပြင်သည်လည်း အသစ်ပြုပြင်ခြင်းသို့ ရောက်ပါလိမ့်မည်။

ဆုတောင်းကြစို့

သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းကျေးဇူးတော်အားဖြင့် ဘာသာတူအပေါင်း တို့ကို သွန်သင်တော်မူပေသော အိုမြတ်စွာဘုရားသခင်၊ ၄င်းဝိညာဉ်တော်အားဖြင့် ဖြောင့်မှန်ရာကို နှစ်သက်၍ သာယာချမ်းသာခြင်းကို ခံစားအံ့သောငှာ၊ အကျွန်ုပ်တို့ သခင်ယေဇူး၏ ကုသိုလ်တော် အကျိုးဆက်ကို ထောက်တော်မူ၍ အကျွန်ုပ်တို့အား ကယ်မသနားတော်မူပါ။ အာမင်။

ကောင်းကင်တမန်တော်က မာရီယားအားနှုတ်ဆက်ခြင်းမေတ္တာ

ဂုဏ်ကျေးဇူတော်နှင့်ပြည့်စုံတော်မူသော မာရီယား သခင်မအား မင်္ဂလာဖြစ်စေသတည်း။ ဘုရားသခင်သည် သခင်မ ကျိန်းဝတ်တော်မူ ၍ မိန်းမတကာတို့တွင် သခင်မသည် မွန်မြတ်တော်မူသည်။ သခင်မ၏၀မ်းတော်၌ ပဋိသန္ဓေယူတော်မူသော ယေဇူးသည်လည်း မွန်မြတ်တော်မူသည်။ မြတ်စွာဘုရား၏ မယ်တော်သန့်ရှင်းသော မာရီယား ယခုမှစ၍ သေခါနီးတွင် အပြစ်ရှိသူ အကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။



သခင်ယေဇူးစီရင်ထားတော်မူသော မေတ္တာ။

ကောင်းကင်ဘုံ၌ ကိန်းဝပ်တော်မူသော ကျွန်ုပ်တို့၏ အဖ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေး မြတ်ခြင်းရှိပါစေသော်။ ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသော်။ ကောင်းကင်ဘုံ၌ ဖြစ်သကဲ့သို့ မြေကြီးပေါ်၌လည်း ကိုယ်တော်၏ အလိုတော်သည် ပြည့်စုံပါစေသော်။ နေ့စဉ်မပြတ် အလိုရှိအပ်သော အရာ အစားတို့ကို ကျွန်ုပ်တို့အား ယနေ့၌ပင် ပေးသနားတော်မူပါ။ ကျွန်ုပ်တို့ကို ထိခိုက်ကျူးလွန်သော သူတို့အား အကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း၊ အခွင့်လွှတ်တော်မူပါ။ နှောက်ယှက်ခြင်းအမှု့တို့၌ အကျွန်ုပ်တို့ကို ပါဝင်ခြင်းမရှိစေဘဲလျှက် မကောင်းဟူသမျှနှင့် ကင်းလွတ်စေ တော်မူပါ။ အာမင်။


တပည့်တော်ကြီးများစီရင်ရေးသားထားသော ယုံကြည်ခြင်းအချုပ်။


အားလုံးစုံကို တတ်နိုင်တော်မူထသော၊ မိုးမြေတို့ကို ဖန်ဆင်းတော်မူထသော ခမည်းတော်ဘုရားကို ကျွန်ုပ်တို့သည် ယုံကြည်လေးမြတ်ခြင်းရှိပါ၏။ ခမည်းတော်၏ တစ်ပါးတည်းတော်သားတော် ယေဇူးခရစ္ဆတူး ကျွန်ုပ်တို့၏ သခင်သည်၊ သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် ပဋိသန္ဓေယူတော်မူ၍ ကညာမာရိယာမှ ဖွားမြင်တော်မူသည်။ ပုံစီဦး ပီလာတူး မင်းလက်ထက် ဒုက္ခစရိယာကျင့်ခံတော်မူ၍၊ တံကျင်၌ သတ်ထားသဖြင့် အသက်တော်ထွက်၍ အလောင်းတော်ကို သဂြိုင်္ဟ်သည်။ အောက်နိုမ့်ရာအရပ်သို့ ဆင်းကြွတော်မူ၍ တတိယ နေ့တွင် သေသည့်သူတို့အစုမှ ရှင်ပြန်ထမြောက်တော်မူသည်။ ကောင်းကင်ဘုံသို့ တတ်တော်မူ၍ အားလုံးစုံကို တတ်နိုင်တော်မူသော ခမည်းတော်ဘုရား လက်ယာဘက်မှာ ထိုင်၍ နေတော်မူသည်။ ထိုမှ ရှင်သူ သေသူတို့ကို စီရင်စစ်ကြောတော်မူရန် ကြွလာတော်မူလိမ့်မည်။ ဤအကြောင်းအချက်တို့ကို ယုံကြည်လေးမြတ်ခြင်းရှိပါ၏။ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားကို လည်းကောင်း၊ သန့်ရှင်းသော ကက်သလစ်အသင်းတော်ကို လည်းကောင်း၊ သူတော်သူမြတ်အပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်း အကျိုးကုသိုလ်တို့ကို ခံစားရကြောင်း၊ အပြစ်ဟူသမျှကို လွတ်ကြောင်း ကိုယ်ခန္ဓာ ရှင်ပြန်ထမြောက်မည့်အကြောင်း၊ အစဉ်ထာဝရ အသက်ရှင်မည့်အကြောင်းတို့ကိုလည်း ယုံကြည် လေးမြတ်ခြင်းရှိပါ၏။ အာမင်။

နေ့စဉ်နံနက် ပူဇော်ခြင်းမေတ္တာ

အို... သခင်ယေဇူး ရွှေနှလုံးတော်၊ ဤနေ့ ကျွန်ုပ် လုပ်အံ့သမျှ၊ ကြံအံ့သမျှခံရသမျှသော ဒုက္ခများနှင့် ပို့အံ့သမျှသော ဆုတောင်း မေတ္တာများကို၊ ရွှေစိတ်အကြံတော်နှင့်၊ တလုံးတ၀တည်း ထားပြီးလျှင် သန့်ရှင်းစင်ကြယ်သော မယ်တော်၏ နှလုံးတော်ကို အမှီပြုလျက် ကိုယ်တော်အား တင်ပူဇော်ပါသည်။ အာမင်။

ယုံကြည်ခြင်းမေတ္တာ

မှားယွင်းခြင်းနှင့်ကင်း၍ သစ္စာသမာဓိနှင့် ပြည့်စုံတော်မူသော အိုမြတ်စွာဘုရား သခင်၊ ကိုယ်တော်၏ ဗျာဒိတ်တော်နှင့်အညီ၊ သန့်ရှင်းသောကာသိုလိပ်အသင်း တော် သွန်သင်သမျှကို တည်မြဲစွာ အကျွန်ုပ်ယုံကြည် ခြင်းရှိပါသည်။

မျှော်လင့်ခြင်းမေတ္တာ

အားလုံးစုံကို တတ်နိုင်တော်မူသော အနန္တ ကရုဏာသနားခြင်းနှင့် ပြည့်စုံတော်မူသော၊ ထားတော်မူရာ ကတိ တော်၌ လည်းအမြဲတည်တော်မူသော အိုမြတ်စွာဘုရားသခင် ယေဇူးခရစ္ဆ္ဆတူးသခင်၏ ကုသိုလ်တော် အကျိုးဆက်ကို ထောက်၍ ကျူးလွန်မိသော အပြစ်တို့၏ အခွန့်ချမ်းသာကို လည်းကောင်း၊ ကိုယ်တော်၏ ပညတ်တော်တို့ကို စောင့်ထိန်းပါမူ နောင်ဘ၀၌ ထာဝရချမ်းသာကိုရပါမည့် အကြောင်း ကျွန်ုပ်တောင့်တ မျှော်လင့်ခြင်းရှိပါသည်။

ချစ်လေးမြတ်ခြင်းမေတ္တာ


အိုမြတ်စွာဘုရားသခင်၊ ကိုယ်တော်သည် အတိုင်းမသိကောင်းမြတ်တော်မူ၍ ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံ တော်မူသောကြောင့်၊ နှလုံးအကြွင်းမဲ့ကိုယ်တော်ကို အရာခပ်သိမ်းတို့ထက် ချစ်ခင်မြတ်နိုးခြင်းရှိပါသည်။ သူတပါးကိုလည်း ကိုယ်တော် ၏ ရွှေမျက်နှာတော်ကို ထောက်၍ ကိုယ်ရှင်ကဲ့သို့ ချစ်ခင်မြတ်နိုးခြင်းရှိပါသည်။

ကိုးကွယ်ခြင်းမေတ္တာ

အထူးသဖြင့်မြင့်မြတ်တော်မူုလှသော ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၊ ပုဂိုလ်သုံးပါးတစ် ဆူဘုရား အမှန်ရှိတော်မူကြောင်းကို အကျွန်ုပ် ယုံကြည်ခြင်းရှိပါသည်။ စိတ်နှလုံးအကြွင်းမဲ့ကိုယ်တော်ကို ချစ်မြတ်နိုး ရိုသေသာ ဦးချရှိခိုးပါသည်။ အကျွန်ုပ်ကို ဖန်ဆင်းတော်မူပြီး ဟုတ်မှန်သော တရားအလင်းတော် သို့ပို့ဆောင်ခြင်း၊ ညတွင် ကိုယ်လက်မကွာထားတော်မူခြင်းကျေးဇူးတော်ကို အဘယ်သို့ဆပ်တင်နိုင်ပါမည်နည်း။ ဒီနေ့တွင် ကျင့်ကြံ လုပ်ဆောင်သမျှကို ကိုယ်တော်အားပူဇော်ပါသည်။ အပြစ်ဒုစရိုက်မှ လွတ်ကင်းစေတော်မူပါမည့် အကြောင်းနှင့် ဘေးရန်အပေါင်းမှ ကာကွယ်ဆောက်ရှောက်တော်မူပါမည့် အကြောင်းကို အကျွန်ုပ်သည် ညွတ်တွား အသနားတော်မြတ်ခံပါသည်ဘုရား။ အာမင်

ကိုယ်စောင့်သိကြားအားဆုတောင်း မေတ္တာ

ဘုရားရှင်က အမိန့်တော်ရှိ ကျွန်ုပ်ကိုစောင့်သော ကောင်းကင်တမန်တော်၊ ကျွန်ုပ်အား နေ့ညမပြတ် ဆုံးမသွန်သင်ကြည့်ရှုစောင်မတော်မူပါ။ အာမင်။

ယေဇူး၊ မာရီယား၊ ဇူဇယ်

ယေဇူး၊ မာရီယား၊ ဇူဇယ် အရှင်မြတ်တို့အား ကျွန်ုပ်၏နှလုံးနှင့် အသက် ၀ိညာဉ်ကို ကျွန်ုပ်အပ်နှံ ပူဇော်ပါ၏။
ယေဇူး၊ မာရီယား၊ ဇူဇယ် ကျွန်ုပ်အသက်ထွက်ခါနီးသော အခါ ကျွန်ုပ်ကို ကြည့်ရှုစောင်မတော်မူကြပါ။
ယေဇူး၊ မာရီယား၊ ဇူဇယ် အရှင်မြတ်တို့၏ အပေါင်းအသင်း၌ ငြိမ်သက်ခြင်း နှင့် သေရပါစေသော်။

ရွှေလက်တော် ၌ ကိုယ်စိတ်နှစ်ပါးကို အပ်လိုက်ခြင်းမေတ္တာ

ကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်သေရကြောင်းကို အမှန်သိပါသည်။ သေခြင်းအချိန်ကိုကား အကျွန်ုပ်မရိပ်မိနိုင်ပါ။ သို့ရာတွင် ကျွန်ုပ်မအိပ်ခင် ကိုယ်စိတ်နှစ်ပါးတို့ကို ရွှေလက်တော် ၌ အပ်လိုက်ပါသည်။ အလိုတော်ရှိ၍ ချိန်းချက်တော်မူသည့်အချိန်၌ အသက်ဆုံးခြင်းကို ခံချင်ပါသည်။ ထိုကြောက်မက် ဖွယ်သော အချိန်ပေါ်လာသောအခါ သခင်ယေဇူး၏ မျက်နှာတော်ကို ထောက်တော်မူ၍ အပြစ်များကို ချမ်းသာပေးသနားတော်မူပါ။

 သခင်ယေဇူးထံဆုတောင်းမေတ္တာများ 

ဂရုဏာရှင်ယေဇူးထံဆုတောင်းမေတ္တာ ယေဇူးသခင်သည်အသက်စွန့်တော်မူသည်။ အသက်စွန့်တော်မူသော စမ်းအိုင်သည်လူသားနှင့် ဝိညာဉ်များအတွက်ယိုစီးထွက်တော်မူ၍ ကရုဏာတံခါးတော်သည်တစ်ကမ္ဘာလုံးအတွက်ဖွင့်တော်မူ၏။ အိုအသက်၏ စမ်းအိုင်တော်၊ တိုင်းတာ၍ မမှီနိုင်သော ဂရုဏာရှင်တစ်ကမ္ဘာလုံးကိုကိုယ်တော်၏ ဂရုဏာ တော်ဖြင့်လွှမ်းခြုံထားတော်မူ၍ ကျွန်ုပ်တို့ အပေါ်သို့ အကုန်အစင်သွန်းလောင်းချပေးတော်မူပါ။ အသက်၏ စမ်းအိုင်တော်အဖြစ်ယေဇူး၏ နှလုံးတော်မှယိုစီးထွက်တော်မူသော အိုအသွေးတော်နှင့် ရေတော်၊ ကျွန်ုပ်တို့သည်ကိုယ်တော်ကိုအားကိုးပါ၏။ အာမင်။
(သီလရှင်မြတ်ဖောစတီးနား - ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။)


မယ်တော်ထံဆုတောင်းမေတ္တာများ 

သနားခြင်း၏ မယ်တော် 

သနားခြင်း၏ မယ်တော်ဖြစ်ထသော ငြိမ်ဝပ်သာယာစွာ အသက်ရှင်ခြင်းချမ်းသာကို ပေးတတ်သော ကျွန်ုပ်တို့တောင့်တ မျှော်လင့်ရာလည်း ဖြစ်သော၊ သခင်မ မဂ င်္လာရှိစေသတည်း။ ဆင်းရဲရာဌာန၌ ရှိနေကြသော ကျွန်ုပ်တို့ဧဝသားစုတို့သည်သခင်မထံတော်သို့ကြွေးကြော်လျှောက်ပါသည်။ ဤမျက်ရည်ယိုရာအရပ်က ညည်းတွား ငိုကြွေးခြင်းနှင့်သခင်မနောက်တော်သို့ကျွန်ုပ်တို့ဆုပန်တောင်းကြ ပါသည်။ ကျွန်ုပ်တို့၏ ရှေ့နေရှေ့ရပ်ဖြစ်သော သခင်မ၊ သနားတတ်သော မျက်စိတော်ကိုကျွန်ုပ်တို့ဆီသို့ လှည့်လည်တော်မူပါ။ ကြင်နာသနားခြင်း၊ ချစ်ခင်စုံမက်ခြင်း၊ သိမ်မွေ့နူညံ့ခြင်း သီလနှင့် ပြည့်စုံတော်မူသော အို... ကညာ မာရီယား၊ ဤဆင်းရဲရာဌာနမှလွတ်မြောက်သောအခါ သခင်မ၏ ဝမ်းခေါင်း၌ စွဲနေတော်မူပြီးသော အထူးအလွန်မွန်မြတ်တော်မူလှသော သားတော်ယေဇူးကို ကျွန်ုပ်တို့အားပြတော်မူပါ။ မက်မောရာရီမေတ္တာ အိုကျေးဇူးပြုတတ်သောသီလရှင်မြတ်သခင်မထံခိုလှုံသောသူမည်သည်ကား သခင်မစောင်မခြင်းကို မခံရဘဲ နေသည်ဟုမကြားဖူးသောကြောင့်အပြစ်ရှိသူကျွန်ုပ်တို့ပူဆွေးဝမ်းနည်းခြင်းနှင့်သခင်မထံတော်သို့ လုံးလုံးကြီး ကိုးစား ချဉ်းကပ်ရောက်လာကြပါသည်။ လူ့အပြစ်ကိုယူတော်မူသောသားတော်ဘုရား မြတ်မယ်တော်ကျွန်ုပ်လျှောက်တောင်းသည့်ဆုကို ငြင်းပယ်တော်မမူပါနှင့်ဂရုဏာသနားခြင်းဖြင့် နာခံတော်မူပါ။ အာမင်။

ရဟန္တာများထံဆုတောင်းမေတ္တာများ 

အခြား ဆုတောင်းမေတ္တာများ 

ယေဇူး၊ မာရီယား၊ ဇူဇယ် ယေဇူး၊ မာရီယား၊ ဇူဇယ်အရှင်မြတ်တို့အား ကျွန်ုပ်၏နှလုံးနှင့်အသက်ဝိညာဉ်ကိုကျွန်ုပ်အပ်နှံ ပူဇော်ပါ၏။ ယေဇူး၊ မာရီယား၊ ဇူဇယ်ကျွန်ုပ်အသက်ထွက်ခါနီးသောအခါ ကျွန်ုပ်ကို ကြည့်ရှုစောင်မတော်မူကြပါ။ ယေဇူး၊ မာရီယား၊ ဇူဇယ်အရှင်မြတ်တို့၏ အပေါင်းအသင်း၌ ငြိမ်သက်ခြင်း နှင့်သေရပါစေသော်။

ရွှေလက်တော်၌ ကိုယ်စိတ်နှစ်ပါးကိုအပ်လိုက်ခြင်းမေတ္တာ 

ကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်သေရကြောင်းကိုအမှန်သိပါသည်။ သေခြင်းအချိန်ကိုကား အကျွန်ုပ်မရိပ်မိနိုင်ပါ။ သို့ရာတွင်ကျွန်ုပ်မအိပ်ခင်ကိုယ်စိတ်နှစ်ပါးတို့ကို ရွှေလက်တော်၌ အပ်လိုက်ပါသည်။ အလိုတော်ရှိ၍ ချိန်းချက်တော်မူသည့်အချိန်၌ အသက်ဆုံးခြင်းကို ခံချင်ပါသည်။ ထိုကြောက်မက်ဖွယ်သော အချိန်ပေါ်လာသောအခါ သခင်ယေဇူး၏ မျက်နှာတော်ကို ထောက်တော်မူ၍ အပြစ်များကို ချမ်းသာပေးသနားတော်မူပါ။

 မြတ်စွာဘုရားရှင်၏ပညတ်တော်(၁၀)ပါး 

( ၁ ) ဘုရားတစ်ဆူအပြင်မည့်သည့်အရာ သတ္တဝါကိုဘုရားအမှတ်နှင့်ကိုးကွယ်ခြင်းကိုမပြုလင့်။
( ၂ ) ဘုရားရှင်၏နာမတော်မြတ်ကို မရိုမသေ သုံးဆောင်ခြင်းကိုမပြုလင့်။
( ၃ ) ဘုရားရှင်၏သတင်းပွဲနေ့တို့ကိုစောင့်လော။
( ၄ ) မိဘတို့အားရိုသေခြင်းကိုပြုလော။
( ၅ ) လူ၏အသက်ကိုသတ်ပုတ်ခြင်းကို မပြုလင့်။
( ၆ ) ကာမဂုဏ်အမှုကိုကျူးလွန်ခြင်းကိုမပြုလင့်။
( ၇ ) သူ၏ပစ္စည်းဥစ္စာကိုခိုးယူခြင်းကိုမပြုလင့်။
( ၈ ) မုသားသက်သေခံခြင်းကို မပြုလင့်။
( ၉ ) သူ၏သားမယားကိုတက်စွမ်းခြင်းမရှိစေလင့်။
(၁၀) သူ၏ပစ္စည်းဥစ္စာကိုလိုချင်သောလောဘစိတ်မရှိစေလင့်။

အသင်းတော်၏ ကျင့်ဝတ်(၆)ပါး 

၁။ တနဂ င်္နွေနေ့နှင့်ဘာသာဝတ်တရားပွဲ့နေ့တို့တွင်မစ္ဆားတရား နာယူကုန်လော။
၂။ တစ်နှစ်လျှင်အနည်းဆုံးတစ်ကြိမ်အာပတ်ဖြေကုန်လော။
၃။ အနည်းဆုံး ပါစကားပွဲကာလတွင်ကိုယ်တော်မြတ်ကိုပင့်ယူကုန်လော။
၄။ ဝါရှောင်ခြင်းနှင့်အသားရှောင်ခြင်းပြုရမည့်နေ့တို့ကိုစောင့်လော
၅။ မိမိတက်စွမ်းသမျှနှင့်အသင်တော်၏လိုအပ်ချက်များကို ဖြည့်ဆည်းလော။
၆။ လက်ထပ်ထိမ်းမြားခြင်းအမှု၊ မပြုအပ်သည့်ကာလနေ့တို့ ၌လည်း ရှောင်ကုန်လော့။

လူငယ်များအတွက်ရဟန်းမင်းကြီးပီဦး(၁၂)စီရင်ထားတော်မူသောမေတ္တာ 

ကျွန်ုပ်တို့၏ ဆုတောင်း မေတ္တာသည်မျှော်လင့်ခြင်းနှင့်ချစ်ခင်လေးမြတ်ခြင်း တောင်ပံများကိုအားပြုလျက် ဘုရားသခင်ထံတော်ပါးသို့ပျံတတ်ပါစေ။ နွေးထွေးသော နံနက်နေရောင်ခြည်သည်နုနယ်လှသော နှင်းဆီပွင့်ဖူးကလေးများကို ခြုံလွှမ်းထားသကဲ့သို့ ဘုရားသခင်၏ ဝိညာဉ်တော်သည်လူငယ်များ၏ စိတ်ဝိညာဉ်ကိုလွှမ်းခြုံတော်မူပါ။ ကိုယ်တော်၏ ဝိညာဉ်တော်သည်ကျေးဇူးတော်များနှင့် ပြည့်နှက်လှပါ၏။ ဝိညာဉ်အပေါင်းတို့၏ မျှော်လင့်အားထားရာလည်း ဖြစ်ပါ၏။ ကောင်းမြတ်တော်မူထသော အိုသခင်၊ ထိုဝိညာဉ်ကလေးများ၏ တိုးတက်မှုအတွက် ဒုက္ခအခက်အခဲများကို ခံထမ်းရန်ကိုယ်တော်အလိုတော်ရှိတော်မူပါလျှင်ထိုဝိညာဉ်ကလေးများသည် ပေးအပ်သော ဒုက္ခများကို ခံထမ်းနိုင်ရန်လိုအပ်သော ခွန်အားကျေးဇူးကို ပေးတော်မူပါ။ လူငယ်ကလေးများ၏ လိမ္မာရေးခြားရှိမှုဖြင့်မိဘ ဆရာသမားတို့အား ရွှင်လန်းချမ်းမြေ့မှုကို ပေးသနားတော်မူပါ။ ထိုကလေးများ၏ အပြုအမူများကို ခရစ္စယာန်တို့၏ စံနမူနာဖြစ်စေတော်မူပါ။ ကိုယ်တော်ရှင်၏ အလိုတော်မြတ်အတိုင်း မေတ္တာတရားပွားများ ခြင်း၊ အနစ်နာခံလိုစိတ်ရှိခြင်းနှင့် သတိပညာရှိခြင်းတို့ကိုလူငယ်များ၏ ဝိညာဉ်တွင်းသို့ပေးသွင်းတော်မူပါ။ ဤမတည်မြဲသော လောကထဲတွင်ရှိစဉ်အခါ လိုအပ်သော ဘဝ၏ ပျော်ရွှင်မှုများကိုလူငယ်များ အားပေး သနားတော်မူပါ။ ဝိညာဉ်ရေးတွင်လည်း အဖိုးမဖြတ်နိုင်သော ကျေးဇူးတော်များကို စောင့်မသနားတော်မူပါ။ ပျော်ရွှင်ခြင်း၏ အထွတ်ဖြစ်ရာ ထာဝရကောင်းကင်ဆုတော်ကိုထိုသူတို့အား ပေးသနားတော်မူပါ။ အာမင်။  

မယ်တော်သခင်မ လစ်တာနီ

ဘုရားသခင် ကြှနျုပျတို့ ကို သနားတော်မူပါ။ (ဦးဆောင်သူ)
ဘုရားသခင် 
ကြှနျုပျတို့ ကို သနားတော်မူပါ။ (ပရိတ်သတ်)
ခရစ္စတူးသခင် 
ကြှနျုပျတို့ ကို သနားတော်မူပါ။
ခရစ္စတူးသခင် 
ကြှနျုပျတို့ ကို သနားတော်မူပါ။
ဘုရားသခင် 
ကြှနျုပျတို့ ကို သနားတော်မူပါ။
ဘုရားသခင် 
ကြှနျုပျတို့ ကို သနားတော်မူပါ။
ခရစ္စတူးသခင် 
ကြှနျုပျတို့ ကို နားညွတ်တော်မူပါ။
ခရစ္စတူးသခင် 
ကြှနျုပျတို့ ကို နားညွတ်တော်မူပါ။
ခရစ္စတူးသခင် 
ကြှနျုပျတို့  တာင်းသည့်ဆုကို ဖြည့်တော်မူပါ။
ခရစ္စတူးသခင် 
ကြှနျုပျတို့ တောင်းသည့်ဆုကို ဖြည့်တော်မူပါ။
ကောင်းကင်ဘုံက ခမည်းတော်ဘုရား။
ကြှနျုပျတို့ ကို သနားတော်မူပါ။
ဤလောကကို ချွတ်တော်မူသော သားတော်ဘုရား။
ကြှနျုပျတို့ ကို သနားတော်မူပါ။
စပီရီတူးစန္တူးဘုရား။
ကြှနျုပျတို့ ကို သနားတော်မူပါ။
ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ။
ကြှနျုပျတို့ ကို သနားတော်မူပါ။
သန့်ရှင်းသော မာရီယား ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းတော်မူပါ။
ဘုရားရှင်၏မယ်တော် ။
သီလရှင်အပေါင်းတို့ထက် မွန်မြတ်သော သီလရှင် ။
ခရစ္ဆတူး၏မယ်တော် ။
ဂုဏ်ကျေးဇူး အပေါင်းတို့၏ မယ်တော် ။
အလွန် စင်ကြယ်သော မယ်တော် ။
အလွန် သန့်ရှင်းဖြူစင်သော မယ်တော် ။
အတို့အထိမှ ကင်းသောမယ်တော် ။
အပြစ်၏ အကြေးအညှော်မှ ကင်းသောမယ်တော် ။
ချစ်ဘွယ်သော မယ်တော် ။
အံ့ဘွယ်သော မယ်တော် ။
ကောင်းသော အကြံပေးတတ်သော မယ်တော် ။
ဖန်ဆင်းတော်မူသော သခင်၏ မယ်တော် ။
ကယ်တင်တော်မူသော သခင်၏ မယ်တော် ။
အမြော်အမြင် ပညာရှိသော သီလသည် ။
ရိုသေကိုင်းညွှတ်ခြင်း ခံထိုက်သော သီလသည် ။
ချီးမြှင့်ထိုက်သော သီလသည် ။
တန်ခိုးကြီးသော သီလသည် ။
သနားတတ်သော သီလသည် ။
သစ္စာရှိသော သီလသည် ။
ဖြောင့်မတ်ခြင်း၏ ကြေးမုံပြင် ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းတော်မူပါ။
ပညာတော် ကျိန်းဝပ်ရာဌာန ။
ငါတို့ဝမ်းမြောက်ရာ အကြောင်းဖြစ်သော သခင်မ ။
ဝိညာဉ်ကျေးဇူးတော်နှင့် ပြည့်စုံသော ဖလားတော် ။
ပူဇော်ခံထိုက်သော ဖလားတော် ။
အကြံနက်သော နှင်းဆီပွင့် ။
ဒါဝိတ်၏ ရဲတိုက်တော် ။
ရွှေဖြင့်ပြီးသော တိုက်တော် ။
သဟာဖွဲ့ရာ သေတ္တာတော် ။
ကောင်းကင် ရွှေတံခါးတော် ။
မိုးသောက်ကြယ်နီတော် ။
ဝေဒနာရှိသော သူတို့၏ ကိုးကွယ်ရာ ။
အပြစ်ရှိသော သူတို့၏ မှီခိုရာ ။
နွမ်းရိညှိုးငယ်သော သူတို့၏ စိတ်ဖြေရာ ။
ခရစ္စယာန်တို့အား မှိုင်းမတော်မူသော သခင်မ ။
သိကြား အပေါင်းတို့၏ သခင်မ ။
ရှေး သူတော်သူမြတ်တို့၏ သခင်မ ။
ပရောဖက် အပေါင်းတို့၏ သခင်မ ။
တမန်တော်တို့၏ သခင်မ ။
တရားတော်ကြောင့် အသေခံသောသူတို့၏ သခင်မ ။
တရားတော်ကို ၀န်ခံသော သူတို့၏ သခင်မ ။
သီလသည် အပေါင်းတို့၏ သခင်မ ။
ရဟန္တာ အပေါင်းတို့၏ သခင်မ ။
အပြစ်မဲ့ သန္ဓေယူသော သခင်မ ။
ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်း ခံရသောသခင်မ ။
အလွန်မွန်မြတ်သော စိတ်ပုတီး၏ သခင်မ ။
ငြိမ်သက်ခြင်း၏ သခင်မ ။
ဤလောကအပြစ်ကိုချွတ်တော်မူသော ဘုရား၏သိုးငယ်တော်..
ကြှနျုပျတို့ ကို ချမ်းသာပေးတော်မူပါ။
ဤလောကအပြစ်ကိုချွတ်တော်မူသော ဘုရား၏သိုးငယ်တော်..
ကြှနျုပျတို့ တောင်းလျှောက်ရာဆုကို ဖြည့်တော်မူပါ။
ဤလောကအပြစ်ကိုချွတ်တော်မူသော ဘုရား၏သိုးငယ်တော်..
ကြှနျုပျတို့ ကို သနားတော်မူပါ။
ဦးဆောင်သူ - ဘုရား၏သန့်ရှင်းသောမယ်တော်ကျွန်ုပ်တို့အဖို့ငှါဆုတောင်းတော်မူပါ။
အားလုံး - ကျွန်ုပ်တို့သည်လည်း ခရစ္စတူး၏ကတိတော်အတိုင်းခံထိုက်ပါလိမ့်မည်။

ဆုတောင်းကြစို့

အိုမြတ်စွာဘုရားသခင် ကိုယ်စိတ်နှစ်ဖြာကို ကျန်းမာချမ်းသာ စေတော်မူ၍ အစဉ် သီလနှင့်ပြည့်စုံသော၊ ကညာမာရီယား၏ ဆုပန်ခြင်းအားဖြင့် ယခုဘ၀၌ ဒုက္ခဆင်းရဲခြင်း မှ လွတ်ကင်းပြီးလျှင် နောင်ဘ၀၌ ထာဝရသုခချမ်းသာကို စံစားရရန် အလို့ငှါ ယေဇူးသခင်၏ ရွှေမျက်နှာတော်ကိုထောက်၍ အကျွန်ုပ်တို့အား ကယ်မသနား တော်မူပါ။ အာမင်။
(ဓမ္မသီချင်း)
နှုတ်ကပါတ်တော်ဖတ်ကြားခြင်း

အထွေထွေဆုတောင်းခြင်း

ဦးဆောင်သူ - ညီအစ်ကိုမောင်နှမအပေါင်းတို့ တောင်းလျှင်ရလိမ့်မည်။ ရှာလျှင် တွေ့လိမ့်မည်။ ခေါက်လျှင် ပွင့်လိမ့်မည်ဟု ယေဇူးသခင်မိန့်တော် မူခဲ့သည့်အတိုင်း၏ ကျွန်ုပ်တို့လိုအပ်သမျှ ကျေးဇူးအဖြာဖြာတို့ကို ယေဇူး သခင်အားဖြင့် ခမည်းတော်ဘုရား ထံ တညီတညွတ်တည်း တောင်းလျှောက်ကြစို့။
၁။ ယခုဝတ်ပြု ဆုတောင်းရာတွင် ပါဝင်ကြသော အိမ်ရှင် မိသားစုနှင့်တကွ ညီအစ်ကို မောင်နှမ အပေါင်းတို့အား ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ သက်ရောက်စေတော်မူပါ မည့်အကြောင်း၊


၂။ ဤအိမ်မှ မိသားစုဝင် တစ်ဦးချင်းစီသည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြလျက် ဘုရားသခင်၏ ငြိမ်းချမ်းခြင်းမင်္ဂလာနှင့် မယ်တော်၏ကူညီစောင်မခြင်းကို ရရှိ ခံစား နိုင်ပါမည့်အကြောင်း။

၃။ ကာယရေးရာ လိုအပ်ချက်များ ဖြစ်သော ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ အိမ်ထောင်ရေး ဘက်စုံ အဆင်ပြေ တိုးတက်စေတော် မူပါမည့်အကြောင်း။

၎။ ၀ိညာဉ်ရေးရာ ပါရမီများကို နေ့စဉ်နှင့် အမျှ ကျင့်ဆောက်တည် ဆည်းပူးနိုင်စေရန် ခွန်အား ကျေးဇူးတော်များကို ပေးသနားတော်မူပါမည့်အကြောင်း။

၅။ ပညာ ဆည်းပူးလျက်ရှိကြသော သားသမီးတို့အပေါ် ကိုယ်တော်ရှင်၏ ၀ိညာဉ်တော်ဘုရား ဆင်းသက်စေလျက် လောကီပညာ၊ လောကုတ္တရာပညာ နှစ်ဖြာကို ဆည်းပူးနိုင်စေပြီး မှန်ကန်သော တရားလမ်းပေါ်၌ လျှောက်လှမ်းနိုင်ကြပါမည့်အကြောင်း။

၆။ ဒုက္ခ အခက်အခဲများ ရင်ဆိုင်ရသည့်အခါ၌ သားသမီးတို့သည် ဘုရားသခင်ကို အားကိုးကြလျက် ခရစ်တော်၏ ကားတိုင်လမ်းစဉ် ဒုက္ခဝေဒနာခံထမ်းခြင်းကို အစဉ် အောက်မေ့ကြပြီး ခရစ်တော်ထံမှ ခွန်အားကို ရယူနိုင်ကြပါမည့် အကြောင်း။

၇။ ဤမိသားစုအား ကောင်းကြီးပေးတော်မူ၍ သန့်ရှင်းသော အိမ်ထောင်စုကဲ့သို့ စည်းလုံးခြင်း၊ မေတ္တာတရား ရှေ့ထားခြင်း၊ နားလည်သည်းခံ ခွင့်လွှတ်ခြင်းနှင့် ပြည့်ဝစေပြီး စံပြ ကက်သလစ် ခရစ်ယာန်မိသားစု တစ်စုဖြစ်စေတော်မူပါမည့်အကြောင်း။

၈။ ကိုယ်တော်ရှင် သိမ်းပိုက်တော်မူပြီးသော ကိုယ်တော်ရှင်၏သား^သမီး (အမည်) သည် ဘုရားသခင်၏အသနားတော်မြတ်ကိုခံရ၍ ငြိမ်းချမ်းသာယာခြင်းရှိစေတော်မူ ပါမည့်အကြောင်း။

၉။ ကိုယ်တော်ရှင်သိမ်းပိုက်ပြီးသော သား/သမီး သည် ကိုယ်တော်၏ မဟာကရုဏာတော်ကြောင့်သော်၎င်း၊ ကိုယ်တော်၏ ဒုက္ခစရိယာခံထမ်းခြင်း၊ သေခြင်းနှင့် ထမြောက်ပြန်ရှင်ခြင်း၏ ကုသိုလ်တော် အကျိုးဆက်ကို ထောက်တော်မူ၍၄င်း၊ ချစ်သားသမီးတို့၏ဆုပန်ခြင်းအားဖြင့်၎င်း၊ မိသားစု၏ ဆုတောင်းမေတ္တာနှင့် ကုသိုလ်ဒါန အကျိုးဆက်အားဖြင့်၎င်း ယနေ့ကိုယ်တော်နှင့်အတူ သိကြားရဟန္တာများ အလယ်၌ ကောင်းကင်သုချမ်းသာ စံစားနိုင်စေတော်မူပါမည့်အကြောင်း။

၁၀။ ကျန်ရစ်ကြသော မိသားစု၊ ဆွေမျိုးသားချင်းများသည် ၀မ်းနည်းပူဆွေးကြသော်လည်း ခရစ်ယာန် တရားတော်ကို ဆင်ခြင်အောက်မေ့ကြလျက် စိတ်သက်သာ နှစ်သိမ့်မှုကို ရရှိနိုင်ကြပါမည့်အကြောင်း။

၁၁။ ချစ်သားသမီးအားလုံးတို့သည် သေခြင်းတရားကို အစဉ် အောက်မေ့ဆင်ခြင် ထောက်ရှုကြလျက် ဘုရားသခင် ချိန်းချက်သော အချိန်နာရီတွင် အစဉ်သင့်ဖြစ်နိုင်ကြရန် နေ့စဉ် နောင်တယူကြပြီး ပါရမီများ ဆည်းပူးနိုင်ကြပါမည့်အကြောင်း။

၁၂။ သဘာဝဘေးဒါဏ်ကြောင့်သော်လည်းကောင်း၊ စစ်ဘေးဒဏ်ကြောင့်သော်လည်းကောင်း ဒုက္ခရောက်နေ ကြသူများ၊ ငတ်မွတ်ခေါင်းပါးနေကြသူများ၊ ဆင်းရဲသားများ၊ ရောဂါဝေဒနာခံစားနေရသူများ၊ အကျဉ်းခံနေ ရသူများနှင့် ငရဲငယ်တွင်ခံစားနေရသော ၀ိညာဉ်များတို့အား ကူညီမစတော်မူပါမည့်အကြောင်း။

သေလွန်သူတို့အဖို့ ပို့အပ်သော လစ်တာနီ

ဘုရားသခင် ကြှနျုပျတို့ ကို သနားတော်မူပါ။
ဘုရားသခင် 
ကြှနျုပျတို့ ကို သနားတော်မူပါ။
ခရစ္စတူးသခင် 
ကြှနျုပျတို့ ကို သနားတော်မူပါ။
ခရစ္စတူးသခင် 
ကြှနျုပျတို့ ကို သနားတော်မူပါ။
ဘုရားသခင် 
ကြှနျုပျတို့ ကို သနားတော်မူပါ။
ဘုရားသခင် 
ကြှနျုပျတို့ ကို သနားတော်မူပါ။
ခရစ္စတူးသခင် 
ကြှနျုပျတို့ ကို နားညွတ်တော်မူပါ။
ခရစ္စတူးသခင် 
ကြှနျုပျတို့ ကို နားညွတ်တော်မူပါ။
ခရစ္စတူးသခင် 
ကြှနျုပျတို့ တောင်းသည့်ဆုကို ဖြည့်တော်မူပါ။
ခရစ္စတူးသခင် 
ကြှနျုပျတို့ တောင်းသည့်ဆုကို ဖြည့်တော်မူပါ။
ကောင်းကင်ဘုံက ခမည်းတော်ဘုရား ..
သေလွန်သူတို့၏၀ိညာဉ်များကို သနားတော်မူပါ။
ဤလောကကို ချွတ်တော်မူသောသားတော်ဘုရား ။
စပီရီတူးစန္တူးဘုရား ။
ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူ ။
စန္တာမာရီးယား သေလွန်သူတို့၏၀ိညာဉ်များ
အဖို့ ဆုတောင်းတော်မူပါ။
ဘုရားရှင်၏မယ်တော် ။
သီလရှင်အပေါင်းတို့ထက် မွန်မြတ်သောသီလရှင် ။
သံမီကာအဲလ် ။
သိကြားမင်း အရံတော် အပေါင်းတို့ ။
သံဇွင်ဗတ္တိစတား ။
သံဇူဇယ် ။
မွန်မြတ်သော ဘိုးဘေးပါထရီကာများနှင့် ပရောဖက်အပေါင်းတို့ ။
သံပေထရူး ။
သံပေါလ်လူး ။
သံယောဟန် ။
မွန်မြတ် သန့်ရှင်းသောတပည့်တော်ကြီးများနှင့်
ကျမ်းပြု ပုဂ္ဂိုလ်အပေါင်းတို့ ။
သံစတေဖာနူး ။
သံလောရင့်စီအူး ။
တရားတော်ကြောင့် အသက်အသေခံသော သန့်ရှင်းသူအပေါင်းတို့ ။
သံဂရေဂေါ်ရီ ။
သံသြဂတ်စတီးနူး ။
သံအန်ဘရော်ဆီ ။
သံဂျေရုမ်း ။
မွန်မြတ်သန့်ရှင်းသော ဆရာတော်များနှင့် တရားတော်ကို
ဝန်ခံသော သူအပေါင်းတို့ ။
မွန်မြတ်သန့်ရှင်းသော ကျမ်းတတ် ပုဂ္ဂိုလ်အပေါင်းတို့ ။
မွန်မြတ်သန့်ရှင်းသောရဟန်းများနှင့်ယာဇ်ပရောဟိတ်အပေါင်းတို့ ။
မွန်မြတ်သန့်ရှင်းသောရသေ့ရဟန်းအပေါင်းတို့ ။
သံတာမရီယားမာဒလေနား ။
သံတာကာထရီနား ။
သံတာဘာဘရာ ။
မွန်မြတ်သန့်ရှင်းသော အပျိုကညာများနှင့် မုဆိုးမအပေါင်းတို့ ။
ဘုရားသခင်၏ ရဟန္တာအပေါင်းတို့ ။
ဘုရားသခင်သနားတော်မူပါ။ သူတို့ကိုချမ်းသာပေးတော်မူပါ။
ဘုရားသခင်သနားတော်မူပါ။ ကျွန်ုပ်တို့ကိုကရုဏာနှင့်နားညွတ်တော်မူပါ။
ငရဲမီးဒဏ်မှ အိုသခင်သူတို့ကိုကယ်တော်မူပါ။
ကိုယ်တော်၏အမျက်တော်မှ ။
ကိုယ်တော်၏ ဖြောင့်မတ်ပြင်းထန်သော တရားစီရင်ခြင်းမှ ။
တာရှည်စွာခံရသော ညှိုးငယ်ပူဆွေးခြင်းမှ ။
ပြင်းထံသောမီးတောက်မီးလျှံမှ ။
မခံနိုင်အောင်အေးမြခြင်းမှ ။
ကြောက်မက်ဖွယ်သော မှောင်မိုက်ခြင်းမှ ။
ငိုေ<ကးမည်တမ်းခြင်းမှ ။
ကိုယ်တော်၏အံ့ဘွယ်ရာ သန္ဓေယူခြင်းအားဖြင့် ။
ကိုယ်တော်၏သန့်စင်စွာ ဘွားမြင်တော်မူခြင်းအားဖြင့် ။
ကိုယ်တော်၏ နာပျော်ဘွယ်သော နာမတော်အားဖြင့် ။
ကိုယ်တော်၏ ဆေးကြောခြင်းမင်္ဂလာနှင့် အစာရှောင်ခြင်းအားဖြင့် ။
ကိုယ်တော်၏ ကြီးမားလှသော နှိမ့်ချခြင်းအားဖြင့် ။
ကိုယ်တော်၏ ဖျတ်လတ်ကျိုးနွံစွာ နာခံခြင်းအားဖြင့် ။
ကိုယ်တော်၏ အတိုင်းမသိသော ချစ်လေးမြတ်ခြင်းအားဖြင့် ။
ကိုယ်တော်၏ ၀မ်းနည်းခြင်းနှင့် ပြင်းထန်သောစိတ်ဒုက္ခအားဖြင့် ။
ကိုယ်တော်၏ သွေး၊ ချွေး စီးယိုခြင်းအားဖြင့် ။
ကိုယ်တော်ခံရသော အချုပ်အနှောင်အားဖြင့် ။
ကိုယ်တော်ခံရသော အရိုက်အပုတ်အားဖြင့် ။
ကိုယ်တော်ခေါင်းတော်၌ ရိုက်ထားသောဆူးဗောင်းဒဏ်အားဖြင့် ။
ကိုယ်တော်ခံထမ်းရသော ကရူးစူးခံထမ်းခြင်းအားဖြင့် ။
ကိုယ်တော်ရက်စက်စွာခံရသော အသက်တော်စွန့်တော်မူခြင်းအားဖြင့်။
ကိုယ်တော်ပြင်းထန်စွာခံရသော ကရူးစူးနှင့်ဒုက္ခစရိယာအားဖြင့် ။
ကိုယ်တော်ရှင်ပြန်တော်မူခြင်းအားဖြင့် အိုသခင်သူတို့ကိုကယ်တော်မူပါ။
ကိုယ်တော်၏ ချီးမွမ်းအံ့သြဘွယ်ရာ
ကောင်းကင်ဘုံသို့တက်ကြွေတ်ာမူခြင်းအားဖြင့် ။
သန့်ရှင်းသောဝိညာဉ်တော် ဆင်းကြွေတ်ာမူခြင်းအားဖြင့် ။
စီရင်စစ်ကြောတော်မူသောနေ့၌ ။
ဘုရားသခင် အပြစ်ရှိသူ
ကြှနျုပျတို့ ကိုနားညွတ်တော်မူပါ။
မာဒလေနားကို အပြစ်ခွင့်လွှတ်၍ သူခိုးတောင်း
လျှောက်သံကို နာယူတော်မူသောသခင် 
ကြှနျုပျတို့ ကိုနားညွတ်တော်မူပါ။
ရွေးကောက်တော်မူ၍ကယ်တင်တော်မူသောသခင် ။
သေခြင်းနှင့်ငရဲတံခါးသော့ကိုပိုင်တော်မူသောသခင် ။
ကြှနျုပျတို့ ၏မိဘဆွေမျိုး၊ မိတ်ဆွေ၊
ကျေးဇူးရှင်တို့၏၀ိညာဉ်များကို အိုသခင်ကယ်တော်မူပါ။
လောကလူတို့ သတိမရမေ့လျော့နေသောဝိညာဉ်များကို ။
သူတို့၏အပြစ်များကို အခွင့်လွှတ်၍ အပြစ်ဒဏ်မှ- အိုသခင်ချမ်းသာပေးတော်မူပါ။
သူတို့၏လိုအင်ဆန္ဒကို အိုသခင်ဖြည့်တော်မူပါ။
သိကြားရဟန္တာတို့အစုတွင် အိုသခင်သူတို့ကိုလက်ခံတော်မူပါ။
ကြောက်မက်ဘွယ်ရာဘုန်းကျက်သရေ
ကြီးတော်မူသောဘုရင် ကျွန်ုပ်တို့ကိုနားညွတ်တော်မူပါ။
ဘုရား၏သားတော် ကျွန်ုပ်တို့ကိုနားညွတ်တော်မူပါ။
ဤလောကအပြစ်ကိုချွတ်သောဘုရား၏သိုးငယ်တော်
သူတို့အားငြိမ်သက်ခြင်းကိုပေးသနားတော်မူပါ။
ဤလောကအပြစ်ကိုချွတ်သောဘုရား၏သိုးငယ်တော်
သူတို့အားငြိမ်သက်ခြင်းကိုပေးသနားတော်မူပါ။
ဤလောကအပြစ်ကိုချွတ်သောဘုရား၏သိုးငယ်တော်
သူတို့အားထာဝရငြိမ်သက်ခြင်းကိုပေးသနားတော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့ကိုနားညွတ်တော်မူပါ။
ခရစ္စတူးသခင် ကျွန်ုပ်တို့တောင်းသည့်ဆုကိုဖြည့်တော်မူပါ။
ဘုရားသခင်သနားတော်မူပါ။
ခရစ္စတူးသခင်သနားတော်မူပါ။
ဘုရားသခင်သနားတော်မူပါ။ အိုသခင်သူတို့၏၀ိညာဉ်ကိုကယ်တင်တော်မူပါ။
ငရဲတံခါးမှ အိုသခင်သူတို့၏၀ိညာဉ်ကိုကယ်တင်တော်မူပါ။
အိုသခင်
ကြှနျုပျတို့ ဆုတောင်းမေတ္တာကိုနာယူတော်မူပါ။ -ဘုရားသခင်သနားတော်မူပါ။


ဆုတောင်းကြစို့။

ဘာသာတူအပေါင်းတို့ကို ဖန်ဆင်းကယ်ချွတ်တော်မူသော ယေဇူးသခင် ကျွန်ုပ် တို့ညွတ်တွားပြုသော မေတ္တာကိုထောက်တော်မူ၍ သေလွန်ပြီးသောသူတို့၏အစဉ် တောင်းတကြသော အပြစ်တို့၏အခွင့်ချမ်းသာကို ပေးသနားတော်မူပါ။ အာမင်။

အိုဘုရားသခင် သေလွန်ပြီးသောသူတို့အား မွန်မြတ်သောချမ်းသာကိုပေး သနားတော်မူပါ။
မွန်မြတ်သောချမ်းသာကိုလည်း ငြိမ်ဝပ်စွာစံစားကြပါစေသော်။ အာမင်။


ကွယ်လွန်သူတို့အဖို့ ဆိုအပ်သော မေတ္တာ

အောက်နက်နဲသော အရပ်က ကြွေးကြော်၍ ကျွန်ုပ် ဘုရားသခင်ကို လျှောက်ဝံ့ ပါသည်။ ကျွန်ုပ် အသံသည် ဘုရားသခင် ရှေ့တော်သို့ ရောက်ပါစေ။ ကျွန်ုပ် ရိုသေ မေတ္တာပြုသော အသံကို ဘုရားသခင် ရွှေနားတော် သွင်းတော်မူပါ။ လူတို့အား မကောင်းသော အပြစ်နှင့်အညီ ဘုရားသခင် စီရင်တော်မူလျှင် ဘုရားသခင်၏ ဖြောင့် မတ်လှသော စီရင်ချက်ကို မည်သူခံနိုင်ပါမည်နည်း။ ဘုရားသခင် အလွန်ကောင်းမြတ် တော်မူလှသော သနားတော်မူခြင်းသော ရွှေစိတ်တော်ရှိလှပေသည်။ တစ်ကြောင်းမှာ လည်း မချွတ်မလွဲနိုင်သော နှုတ်တော်ထွက်ရှိသဖြင့် ကျွန်ုပ်မျှော်လင့်တောင်းတခြင်းရှိ ပါသည်။ အကျွန်ုပ်စိတ်နှလုံး ထဲ၌ ဘုရားသခင်နှုတ်ကပတ်တော်ကို အခိုင်အမာပြု၍ ယုံမှတ်ပါသည်။ အကျွန်ုပ် အသက်နှင့်တကွ ဘုရားသခင်အား ဆောင့်နှင်းစောင့်ရှောက် ခြင်းရှိပါသည်။ ဘုရားသခင်ကို မြတ်နိုးကိုးကွယ်သော သူတို့သည် မိုးသောက်သော ကာလမှ ညဦးတိုင်အောင် ဘုရားသခင်အား တောင့်တ မျှော်လင့်ခြင်း ရှိပါသည်။ ဘုရားသခင် မကုန်မဆုံးနိုင်အောင် ကယ်မ သနားတော်မူချင်သော ရွှေစိတ်တော် ရှိလှ ပေသည်။ ကျွန်ုပ်တို့အားလည်း အပြစ်ကို အကုန်အစင် အပြီးအပိုင် ကယ်ချွတ်နိုင်ပါ သည်။ ဘုရားသခင် ဘာသာတူ လူစုတို့သည် မိမိတို့ကြီးစွာသော အပြစ်ကြောင့် ခံရ မည့် ဘေးဒါဏ် အပေါင်းတို့ကို ကယ်ချွတ်တော်မူလိမ့်မည်။ ပြောင်းလဲဟုတ်မှန်သော သူအပေါင်းတို့ကို ဘုရားသခင်သည် မွန်မြတ်သော နေရာချမ်းသာကို ပေးသနားတော်မူ ပါ။ ထိုသူတို့အားလည်း အစဉ်မပြတ် ထွန်းတောက်သော အလင်းရောင်သို့ ရောက်ပါ စေ။ ငြိမ်သက်သော နေရာချမ်းသာကို ရကြပါစေ ဖြစ်စေသော် . အာမင်။


ဆုတောင်းကြစို့။

ဘာသာတူ အပေါင်းတို့ကို ဖန်ဆင်းကယ်ချွတ်တော်မူသော မြတ်စွာဘုရား သခင် ထိုသူတို့ လွတ်ခြင်း ချမ်းသာကို အစဉ် တောင်းတသည့်အတိုင်း ညွတ်တွား ပြုသော မေတ္တာဖြင့် ပြည့်စုံနိုင်ပါမည့်အကြောင်း၊ ယောက်ျား မိန်းမရှိသမျှသောလူတို့ လွန်ကြူး မိသော အပြစ်တို့ကို ကယ်ချွတ်ခြင်း ချမ်းသာ ပေးသနားတော်မူပါ။ အာမင်။

ကြှနျုပျ၏ဘုရားသခင် ကြှနျုပ်သေရကြောင်းကို အမှန်သိပါသည်။ သေခြင်း အချိန်ကိုကား ကြှနျုပျမရိပ်မိနိုင်ပါ။ ကြှနျုပျမအိပ်ခင် ကိုယ်စိတ်နှစ်ပါးကို ရွှေလက်တော်၌ အပ်လိုက်ပါသည်။ အလိုတော်ရှိ၍ ချိန်းချက်တော်မူသော အချိန်၌ အသက်ဆုံးခြင်းကို ခံချင်ပါသည်။ ထိုကြောက်မက်ဖွယ်သော အချိန်ရောက်သောအခါ သခင်ယေဇူး၏မျက် နှာတော်ကို ထောက်တော်မူ၍ အပြစ်များကို ချမ်းသာပေးသနားတော်မူပါ။

မက်မောရာရေမေတ္တာ

အိုကျေးဇူးပြုတတ်သော သီလရှင်မြတ် သခင်မထံတော်၌ ခိုလှုံသောသူမည် သည်ကား သခင်မ၏စောင်မခြင်းကို မခံရဘဲ နေသည်ဟု မကြားဘူးပါသောကြောင့် အပြစ်ရှိသူ ကျွန်ုပ်တို့သည်လည်း စိတ်ပူဆွေး ၀မ်နည်းခြင်းနှင့် သခင်မထံတော်သို့ လုံးလုံး ကြီးကိုးစား၍ ချဉ်းကပ်ရောက်လာပါသည်။ လူ၏အပြစ်ကို ယူတော်မူသော သားတော် ဘုရား၏မြတ်မယ်တော် ကြှနျုပျတို့တောင်းသည့်ဆုကို ငြင်းပယ်တော် မမူပါနှင့်၊ ကရုဏာ သနားခြင်းနှင့် နာခံတော်မူပါ။ အာမင်။



No comments

Theme images by dino4. Powered by Blogger.