ရဟန္တာတစ်ပါးဖြစ်ရန် လိုအပ်သော အဆင့်လေးခု (4 major steps of Canonization)

Infographic: The Canonization Process In Four Steps | Catholic ...
ရဟန္တာတစ်ပါးဖြစ်ရန် လိုအပ်သော အဆင့်လေးခု

*ရဟန္တာတစ်ပါးဖြစ်ရန် လိုအပ်သော အဆင့်လေးခု*

 ခရစ်ယာန်တိုင်း သိသင့်သိထိုက်သည့် အမိကက်သလစ်အသင်းတော်၌ ရဟန္တာတစ်ပါးဖြစ်သည်အထိ တင်မြှောက်သည့် အဆင့်လေးခု အကြောင်း ဆွေးနွေးတင်ပြ သွားပါမည်။ အသင်းတော်၏ သမိုင်းတွင် စနစ်တကျ အဆင့်များသတ်မှတ်ထားခြင်းကြောင့် ကက်သလစ်ကောင်းတစ်ဦး ကွယ်လွန်သည့်အချိန်မှစတင်ကာ ရဟန္တာအဖြစ် တင်မြှောက်သည်အထိ ရာစုနှစ်ပေါင်းများစွာ ကြာလေ့ရှိသည်။ သို့သော် ခေတ်ကာလတိုးတက်လာသည်နှင့်အမျှ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါ်နှင့် မာသာရ်ထရေးဇာ တို့ကို ရဟန္တာတင်မြှောက်ခြင်း၌ ပိုလျင်မြန်လာကြောင်း သိရှိနိုင်သည်။

ပုပ်ရဟန်းမင်းကြီးအဆက်ဆက်က ရဟန္တာများ ( Saints ) အဖြစ်အတည်ပြု ကြေငြာခဲ့ကြသည်။ အသင်းတော်၏ တန်ခိုးလက္ခဏာ ပါရမီနှင့် ဗျာဒိတ်ရူပါရုံများအားအခြေခံ၍ မမှားနိုင်သောအာဏာဖြင့် ဆုံးဖြတ် ဆုတောင်းအတည်ပြု လေ့ရှိပါသည်။ (၁၉၈၃) ခုနှစ်က ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်က ရဟန္တာတင်မြောက်ခြင်း နည်းစနစ်ကိုပြု ပြင်ပြောင်းလဲခဲ့ပါတယ်။ ယခုလက်ရှိ အမိအသင်းတော်အတွင်း လက်ခံကျင့်သုံးနေတဲ့အဆင့်လေးခု (4 major steps of Canonization)ကို ဖော်ပြပေးပါမည်။
၁။ (Servant of God) ဘုရားသခင်၏ အစေခံ။
၂။ (Venerable) ကြည်ညိုကိုင်းရှိုင်းထိုက်သူ။
၃။ (Beatification as Blessed) သူတော်သူမြတ်အဖြစ် တင်မြှောက်ခြင်း။
၄။ (Canonization as Saint) ရဟန္တာ တစ်ပါးအဖြစ် တရားဝင် တင်မြှောက်ခြင်း။

(အချို့က အဆင့် ၅ ခုအဖြစ်မှတ်ယူကြသည်၊ သင်သူတော်စင်ဖြစ်လာရန် ပထမဆုံးမှာ သေခြင်းဖြစ်သည်။) 


၁။ (Servant of God) ဘုရားသခင်၏ အစေခံ။                                                                                       (Request for Canonization) ရဟန္တာအဆင့် တင်မြောက်နိုင်စတင် တောင်းဆိုခြင်း။

ပထမအဆင့်ကို (ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် အထူးစတင် ညွှန်ကြားခြင်း) မှလွဲ၍ ကောင်းသောကက်သလစ် ကွယ်လွန်ပြီး ငါးနှစ်ကြားမှ စတင်လေ့ရှိသည်။ သန့်ရှင်းမြင့်မြတ်စွာ အသက်ရှင်နေထိုင်ခဲ့သည့် ကက်သလစ်ရဟန်း၊ သီလရှင် သို့မဟုတ် သာမန်လူပုဂ္ဂိုလ်ဘာသာဝင်တစ်ဦး သေဆုံးပြီးနောက် အများသူဌါ ပတ်ဝန်းကျင်ရှိ လူတိုင်းက ထိုပုဂ္ဂိုလ်သည် သူတော်ကောင်း ရဟန္တာ သူတော်သူမြတ်ဖြစ်မည့် ဘုရားတရားကိုင်းရှိုင်းသူ တစ်ဦးအဖြစ် ကောက်ချက်ချ လက်ခံကြလျှင် အောက်ခြေရှိ ကျောင်းထိုင်ဘုန်းတော်ကြီးနှင့်ဘာသာသူများမှ သာသနာပိုင်ဆရာတော်ထံ စာရေးလျှောက်ထားရသည်။ 

ယင်းနောက် ဆရာတော်ဖြစ်စေ၊ ဆရာတော်မှလွှဲအပ်ထားသူ တစ်ဦးဦး ဓမ္မပညာရှင်များနှင့် သမိုင်းပညာရှင်များ ကျွမ်းကျင်သူများ သိရှိနားလည်းသူများက ထိုသို့ပို့လာပေးသည့် ထိုပုဂ္ဂိုလ်၏ ဘဝနှင့် ကိုယ်ရေးရာဇဝင် သမိုင်းကြောင်း အတ္တု ပ္ပတ္တိ တို့ကို တစ်ခုချင်းစီ လေ့လာစစ်ဆေးပြီးလျှင် သာသနာပိုင် ဆရာတော်မှ အခြားသော ဆရာတော်များ၊ ကက်သလစ်ဘာသာဝင်များ၊ ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ အတည်ပြု ချက်ယူရသည်။ ထို့နောက် စုံစမ်းရရှိသည့် အချက်အလက်များကို သာသနာပိုင်ဆရာတော်ထံ ပြန်လည်တင်ပြရသည်။ 

ဤအဆင့်တွင် တန်ခိုးလက္ခဏာ အံ့ဖွယ်များ မလိုအပ်သေးချေ။ ယင်းသို့စစ်ဆေး လေ့လာပြီး သက်ဆိုင်ရာ ဆရာတော်က ထိုသူကို ရဟန္တာအဖြစ် တင်မြောက်နိုင်ရန် သက်သေခိုင်လုံသည့်ဟု ယူဆပါက ထိုသက်သေခံများနှင်အတူ ရဟန္တာတင်မြောက်ရေးဆိုင်ရာ ဗာတီကန်ရုံးသို့ အိတ်ဖွင့်ပေးစာ ပေးပို့ရန် ပြင်ဆင်ရသည်။ ဤအဆင့်အောင်မြင်မှသာ ထိုရဟန္တာတင်မြောက်မည့်သူအား ပထမအဆင့်ဖြစ်သည့် (Servant of God) ဘုရားသခင်၏ အစေခံ အဖြစ်ကြောငြာသည်။


၂။ (Venerable) ကြည်ညိုကိုင်းရှိုင်းထိုက်သူ။
(Determination) ရဟန္တာဖြစ်ထိုက် မဖြစ်ထိုက် စီစစ်သတ်မှတ်ခြင်း။

သက်ဆိုင်ရာ ဆရာတော်က ပေးပို့သည့် အချက်အလက်များကို ရဟန္တာတင်မြောက်ရေးဆိုင်ရာ ဗာတီကန်ရုံးတော်၌ သမိုင်းပညာနှင့် သီအိုလောဂျီပညာရှင် ကိုးဦးက ထိုသူအား ရဟန္တာ ဖြစ်ထိုက် မဖြစ်ထိုက် စီစစ်သတ်မှတ်ရသည်။ ထိုသူ၏ ဘဝအကြောင်း လုပ်ကြံဖန်တီးထားခြင်း မဟုတ်ဘဲ အစစ်အမှန် ဟုတ်မဟုတ် စနစ်တကျ လေ့လာ စုံစမ်း စစ်ဆေးချက်များပြီးပါက အတည်ပြုလျက် စီစစ်ရေးအဖွဲ့သားအားလုံးထံ ပြန်လည်တင်ပြရပါမည်။ ဤအဆင့်တွင် တန်ခိုးလက္ခဏာ အံ့ဖွယ်များ မလိုအပ်သေးချေ 

သက်ဆိုင်ရာ သာသနာပိုင်ဆရာတော်က ယင်းအချက်လက်များအားလုံးကို စုဆောင်းကာ ရောမမြို့ ရှိ ရဟန္တာတင်မြောက်ခြင်းဆိုင်ရာ ဌာနတော်သို့ အရောက်ပို့ ပေးရပါသည်။ ဤအဆင့်ထိ အောင်မြင်စွာပြီးဆုံးပါက ရဟန္တာသူတော်သူမြတ်အဖြစ် တင်မြောက်မည့် ပုဂ္ဂိုလ်အား (Venerable) ကြည်ညိုကိုင်းရှိုင်းထိုက်သူ ဟု ဘွဲ့နာမကို ပထမအဆင့်အဖြစ် ပေးအပ်ချီးမြှင့်ပါသည်။ ထို့နောက် ဒုတိယအဆင့်သို့ တင်မြောက်ပေးနိုင်ဖို့ ဆက်လက်ပြု လုပ်ဆောင်ရွက်ရပါသည်။


၃။ (Beatification as Blessed) သူတော်သူမြတ်အဖြစ် တင်မြှောက်ခြင်း။

တတိယအဆင့်ဖြစ်သည့် သူတော်သူမြတ်အဆင့်ကို အောင်မြင်စွာ ရောက်ရှိနိုင်ရန် ရဟန္တာသူတော်မြတ် တင်မြောက်ခံရမည့်သူ (ကွယ်လွန်သွားသူ ထိုပုဂ္ဂိုလ်)မှ အံ့ဖွယ်ရာ တန်ခိုးလက္ခဏာ တစ်ခုကို ပြရပါမည်။ ထိုအံ့ဖွယ်ရာသည်လည်း ရှင်းလင်းပြတ်သား ရပါမည်။ အကယ်၍ ရဟန္တာ သူတော်သူမြတ် တင်မြောက်ခံရမည့်သူသည် ဘုရားသခင်၏ တရားတော်အတွက်၊ ယုံကြည်ခြင်းအတွက် အသက်ပေးစတေးခံရ (အသတ်ခံရ)သူ ဓမ္မအာဇာနည်ဖြစ်လျှင် အံ့ဖွယ်တန်ခိုးပြရန် မလိုဘဲ သူတော်မြတ်အဖြစ် တင်မြှောက်ခံရ၏။ သို့သော် သာမန်နည်းဖြင့်သာ ကွယ်လွန်သွားပါက ထိုသို့ ပျံလွန်တော်မူပြီး ကောင်းကင်ရွှေပြည်တော်မှာ သက်သေထူကြောင်း သေချာဖို့ရန်အတွက် အံ့ဖွယ်တန်ခိုးတစ်ခုပြဖို့ လိုအပ်ပါသည်။

ထိုအံ့ဖွယ်တန်ခိုးပြဖို့လိုအပ်ခြင်းကို ကောင်းမွန်စွာ နားလည်နိုင်ရန်အတွက်....
ဥပမာတစ်ခုကို ပြောရမည်ဆိုလျှင် ၊​ ကာလာကတ္တာမြို့ မှ သူတော်မြတ် မာသာထရေးဇာ ကို (Blessed) သူတော်သူမြတ်အဖြစ်သို့ တင်မြောက်ပေးနိုင်ရန် သူမပြခဲ့သည့် တန်ခိုးများထဲမှ တစ်ခုမှာ ခရစ်ယာန်မဟုတ်သည့် အမျိုးသမီးသည် သူမ၏ ဝမ်းဗိုက်ကင်ဆာအပြင်းအထန် ဒုက္ခဝေဒနာခံစားရသည်ကို ကုသမရဘဲ ဆရာဝန်များပင်လျှင် လက်မြောက်အရှုံးပေးခဲ့ကြသည်။ သူမအတွက် မျှော်လင့်ချက် လုံးဝမရှိတော့သည့်အဆုံး၌ သီလရှင်ကြီး မာသာထရေးဇာ၏ ရုပ်ပုံကို သူမ၏ဝမ်းဗိုက်ဖြင့် တိုထိရင်း မိမိ၏ရောဂါကိုပျောက်ကင်းစေရန် (ကောင်းကင်နိုင်ငံ) တမလွန်ဘဝမှ ဘုရားသခင်ထံ ကြဝင်ဆုတောင်းပေးရန် အကြိမ်ကြိမ်ဆုတောင်းခဲ့သည်။ သူမဆုတောင်းသည့်အတိုင်း ကင်ဆာရောဂါ လုံးဝအမြစ်ပြတ်ပျောက်ကင်းသွားခဲ့​ကြောင်း ဆရာဝန်များက တအံ့တသြတွေ့ရှိခဲ့ကြသည်။ ဤတန်ခိုးပြရာတွင် နာတာရှည်ရောဂါဖြစ်ကာ ကုသမရဘဲ ထိုရောဂါပျောက်ကင်းသည့်အခါ၌လည်း မည်သူမျှ မရှင်းပြနိုင်သည့် တန်ခိုးအံ့ဖွယ်လက္ခာဏာ ဖြစ်သည်။ ထိုကဲ့သို အင်္ဂါရပ်များနဲ့ပြည့်ဝလာပြီးလျှင် ပုပ်ရဟန်းမင်းကြီးက မာသာထရေဇာကို သူတော်သူမြတ်အဆင့်သို့ တရားဝင် ကြေငြာခဲ့ခြင်းဖြင့် သူမအား တရားဝင် သဒ္ဒါကြည်ညို ခြင်းအမှုကို ပြုလုပ်နိုင်ခြင်းဖြစ်သည်။


၄။ (Canonization as Saint) ရဟန္တာ တစ်ပါးအဖြစ် တရားဝင် တင်မြှောက်ခြင်း။

နောက်ဆုံးအဆင့် ဖြစ်သည့် Saint ရဟန္တာသူတော်မြတ်အဆင့်သို့ တင်မြောက်နိုင်ရန်အတွက် ကွယ်လွန်ပြီးသူတိုင်း အံ့ဖွယ်တန်ခိုးလက္ခဏာ နောက်တစ်ခုပြရမည်။ ထို့ကြောက် ဓမ္မအာဇာနည် မဟုတ်သော ရဟန္တာတင်မြောက်ခြင်းခံရမည့် ပုဂ္ဂိုလ်အတွက် (တန်ခိုး နောက်တစ်ခုထပ်ပြရန်)လိုအပ်ပြီး ဓမ္မအာဇာနည်အဖြစ် အသက်ပေးစတေးခံရသူများပါ ဤအဆင့်၌ အံ့ဖွယ်တန်ခိုး(တစ်ခုတည်း) ပြသရန် လိုအပ်ပါသည်။ ဤအဆင့်၌ ရှင်းလင်းပြတ်သားသည့် တန်ခိုးအံ့ဖွယ်ရာကို ရရှိပြီးမှသာ (Canonization as Saint) ရဟန္တာအဆင့်သို့ တင်မြောက်ခံရခြင်း ဖြစ်ပါသည်။ 

ထိုသို့ ရဟန္တာတင်မြောက်ခံရသူများကို တကမ္ဘာလုံးရှိ ကက်သလစ် သာသနာတော်ကြီး တစ်ခုလုံးအတိုင်တာအထိ ထိုရဟန္တာအား သဒ္ဒါကြည်ညို ဂုဏ်ပြုခြင်း၊ လူသားများနှင့် ဘုရားသခင်အကြား (မိမိလိုအပ်သည့်ဆုကျေးဇူးများအတွက်)ကြားဝင်ဆုတောင်းပေးရန် တရားဝင်ပြု ဆုတောင်းနိုင်သည်။ အမှန်အားဖြင့် ရဟန္တာတင်မြောက်ခြင်းခံရ သူများသည် ဤလောက၌ အသက်ရှင်စဉ် တကယ်သန့်ရှင်းမြင့်မြတ်စွာ ကြိုးစား အသက်ရှင်ခဲ့သူများဖြစ်ကြောင်း သိနိုင်ပါသည် ။

ကျွန်ုပ်တို့ သခင်ယေဇူးနောက်လိုက်ကာ (သတင်းကောင်း) ဧဝံဂေလိတရား ကျင့်ကြံဟောကြားခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ သေဆုံးသည့် တစ်နေ့တွင် ကောင်းကင်နိုင်ငံ၌ ရဟန္တာများအဖြစ် ဘုရားသခင်ကို ဖူးတွေ့ပြီး ဘုရားသခင်၏ ရွှေနိုင်ငံတော်မှာ ထာဝရ စံစားနိုင်ရန်ဖြစ်သည်။ သခင်ယေဇူး တရားတော်မြတ်ကို ယုံကြည်လိုက်ကျင့်ကာ အသက်ရှင်ခဲ့သူတိုင်း ကောင်းကင်ရွှေနိုင်ငံ စံစားရမှာ ဖြစ်ပြီး အမိကက်သလစ်အသင်းတော်ကြီးက တင်မြောက်လိုက်မှသာ ကောင်းကင်ရွှေနိုင်ငံတော် ရောက်ရှိပြီး (Saint) ရဟန္တာအဖြစ်သို့ ရောက်ရှိခြင်းသက်သက် မဟုတ်ကြောင်း ကက်သလစ်ဘာသာဝင်တိုင်း နားလည်သင့်ပါသည်။ ကွယ်လွန်ပြီးနောက် ကောင်းကင်ရောက်သူတိုင်းသည် (Saints) ရဟန္တာများပင် ဖြစ်ပါသည်။

ကျွန်ုပ်တို့ နေ့စဥ်ဆိုအပ်သော ဆုတောင်းမေတ္တာ၊ အထူသဖြင့် တပည့်တော်ကြီးများ စီရင်ရေးသားထားသော ယုံကြည်ခြင်းအချုပ်ဆုတောင်းမေတ္တာ အဆုံးတွင် ... "သန့်ရှင်းသော ဝိညာဥ်တော် ဘုရားကို လည်ကောင်း၊ ရှင်းသော ကက်သလစ်အသင်းတော်ကို လည်ကောင်း၊ သူတော်သူမြတ်အပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်းအကျိုးကုသိုလ်တို့ကို ခံစားရကြောင်း၊ အပြစ်ဟူသမျှကို လွတ်ကြောင်း ကိုယ်ခန္ခာ ရှင်ပြန်ထမြောက်မည့် အကြောင်း၊ အစဥ်ထာဝရ အသက်ရှင်မည့်အကြောင်းတိုကိုလည်း ယုံကြည်လေးမြတ်ခြင်း ရှိပါ၏။ အာမင်။"

ယုံကြည်ခြင်းအချုပ်ကို ခိုင်မာစွာ ဆွဲကိုင်ကာ ဝိညာဥ်တော်ဘုရားရဲ့ လမ်းညွှန်ပဲ့ပြင်မှုအောက်မှာ ကြိုးစားရုန်းကန်နေကြသည့် ရဟန္တာလောင်းများအဖြစ် နေ့စဥ်ခွန်အားယူရင်း ဆေးကြောခြင်းခံစဥ်က ခံယူထားသည့် ရဟန္တာ၏ လူဘဝအကြောင်း သေချာလေ့လာသိရှိ၊ ထိုရဟန္တာရဲ့ ပါရမီတွေကို လိုက်ကျင့်ပြီး ကက်သလစ်ကောင်းများအဖြစ် အသက်ရှင်နိုင် ကြပါစေ။

အမိအသင်းတော်ကြီးအနေဖြင့် ဤကဲ့သို့ ထူးခြားမြင့်မြတ်စွာ အသက်ရှင်သန်ခဲ့သည့် ပုဂ္ဂိုလ်များကို စံပြု အတုယူနိုင်ရန်၊ ဘုရားသခင်ကို ယုံကြည်အားကိုးရန်၊ ဘုရားသခင်နှင့် မိမိဘဝတူ လူသားအချင်းချင်းအကြား မေတ္တာတရားဆောက်တည်နိုင်ရန်အတွက် အာမခံချက်ရှိကြောင်း သက်သေထူနေခြင်းပဲဖြစ်ကြောင်း သိနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။ 



No comments

Theme images by dino4. Powered by Blogger.