ကိုယ်တော်မြတ်မုန့် တန်ခိုးလက်ဏ္ခာကို လူ့အသွေးနှင့်အသားစင်စစ်ဖြစ်ကြောင်း သိပ္ပံပညာရှင်တို့ အသိအမှတ်ပြု

ကိုယ်တော်မြတ်မုန့် တန်ခိုးလက်ဏ္ခာကို လူ့အသွေးနှင့်အသားစင်စစ်ဖြစ်ကြောင်း သိပ္ပံပညာရှင်တို့ အသိအမှတ်ပြု



ဘွေနစ်အဲရစ်တန်ခိုးလက်ဏ္ခာ (Miracle of Buenos Aris in Argentina) 

ကက်သလစ်အသင်းတော်ရဲ့ အရေးအကြီးဆုံး သွန်သင်ချက်တွေထဲ၌ (ယုံမှား၊ သံသယဖြစ်ပြီး) ယုံရခက်သည့် အချက်များရှိလေသည်။ ၎င်းမှာ မစ္ဆားတရားအတွင်း ဘုန်းတော်ကြီး ကောင်းချီးပေးသည့် မုန့်နှင့် စပျစ်ရည်သည် သခင်ယေဇူး၏အသွေးနှင့် အသာစင်စစ်အဖြစ် ယုံကြည်ခြင်းဖြစ်သည်။ ထိုသွန်သင်ချက်ကို တစ်ချို့ ဘုန်းတော်ကြီးများပင် သံသယမကင်းဘဲ ကြိုးစားယုံကြည်နေကြရသည်။ သို့သော် ကျွန်တော်တို့ (ကက်သလစ်အများစု) မစ္ဆားတရားအတွင်း ဘုန်းတော်ကြီး ကောင်းချီးပေးသည့် မုန့်နှင့် စပျစ်ရည်သည် သခင်ယေဇူး၏ အသွေးတော်နှင့် အသားတော် အစစ်ဖြစ်ကြောင်း အမှန်တကယ် ယုံကြည်ကြ၏။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ ယုံကြည်ကြသည့်အတိုင်း ဘုရားသခင်သည် မုန့်နှင့် စပျစ်ရည်တွင် ကျိန်းဝပ် တည်ရှိနေကြောင်းကို တန်းခိုးလက်ဏ္ခာများ ပေါ်လာတတ်သည်။ အချို့တန်ခိုးလက်ဏ္ခာများမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကဖြစ်သော်လည်း အချို့မှာ မကြာသေးခင် ကာလကဖြစ်သည်။ ထိုတန်ခိုးလက်ဏ္ခာများဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် စစ်မှန်ကြောင်း သက်သေပြခြင်း ဖြစ်သည်။ ထိုတန်ခိုးလက်ဏ္ခများအနက် တစ်ခုမှာ ၁၉၉၆ခုနှစ်၊ အာဂျင်ဒီနားနိုင်ငံ၊ ဘွေနှစ်အဲရစ်မြို့ရှိ ဘုရားရှိခိုးကျောင်းတွင် ဖြစ်ပေါ်ခဲ့သည့် တန်ခိုးလက္ခာဖြစ်သည်။ ယခုလက်ရှိ ပုပ်ရဟန်းမင်းကြီး အရှင်သူတော်မြတ် ဖရန်စစ်၊ ဆရာတော်ကြီး (Jorge Mario Bergolio) မာရီယို ဘာကိုးလီယိုနာမည်ဖြင့် အာဂျင်ဒီနာတွင် တာဝန်ထမ်းဆောင်စဉ်က ဖြစ်ပျက်ခဲ့သည်။

ဘွေနစ်အဲရစ်တန်ခိုးလက်ဏ္ခာဖြစ်စဉ်မှာ...
၁၉၉၆ခုနှစ်၊ သြဂုတ်လ (၁၈)ရက် ညနေ (၇) နာရီအချိန်၊ ဘိုနစ်(စ်)ဘာရီစ်မြို့လယ်ရှိ စိန့်မေရီကက်သလစ်ဘုရားရှိခိုကျောင်းတွင် ဘုန်းတော်ကြီး (Alejandro Pizzette) အာလဲဂျန်လို ပီဆစ် မစ္ဆားတရားပူဇော်နေချိန်ဖြစ်သည်။ သူသည် ကောင်းချီးပေးထားသည့် မုန့် (ကိုယ်တော်မြတ်) ကို ဘုရားကျောင်း တက်လာသည့် ဘာသာသူများထံ ဝေငှပေးပြီးအချိန်တွင် အမျိုးသမီးတစ်ဦးက ကိုယ်တော်မြတ်မုန့်တစ်ခုသည် ဘုရားကျောင်းအနောက်ဘက်တွင် တွေ့ရှိကြောင်း၊ လူတစ်ဦး မစားလိုဘဲ ချန်ခဲ့ဟန်ရှိကြောင်း အကြောင်းကြားလေသည်။ ထိုသတင်းကြောင့် ဘုန်းတော်ကြီးသည် ချက်ချင်း ကျန်ခဲ့သည့် ကိုယ်တော်မြတ်မုန့်ကို ပြန်လည် သိမ်းဆည်းခဲ့သည်။ (ကက်သလစ်အသင်းတော်တွင် ကောင်းချီးပေးထားသည့် ကိုယ်တော်မြတ်မုန့် အလွန်ကြည်ညှိကြသည်။ ထိုကိုယ်တော်မြတ်မုန့်ကို ဘာသာသူများ ပင့်ယူပြီးတိုင်း ချက်ချင်း မြိုချရသည်။ သိမ်းထားခွင့် ပစ်ခွင့် လုံးဝ မရှိချေ။) ဘုန်းတော်ကြီး (Alejandro Pizzette) အာလဲဂျန်လိုပီိဆစ်သည် သူပြန်သိမ်းလာသည့် ထိုကိုယ်တော်မြတ်မုန့်ကို အရေပျော်စေရန် ရေထည့်ထားသည့် ဗူးတစ်ခုအတွင်း ဇိမ်ထားပြီး ကိုယ်တော်မြတ်ထားရာ ရောင်ခြည်တော်၌ သိမ်းထား၏။ အရေပျော်သည့်အခါ ထိုရေဖြင့် အပင်များလောင်းရန်ဖြစ်သည်။ သို့သော် ထိုကိုယ်တော်မြတ်မုန့်သည် ရက်အတော်ကြာသည့်အထိ အရေမပျော်ဘဲ ရှိနေသည်ကို အံ့သြစွာတွေ့ရလေသည်။

ရှစ်ရက်ကြာပြီးနောက် သြဂုတ်လ (၂၆)ရက်၊ တနင်္လာနေ့တွင် ပြန်လည်ဖွင့်ကြည့်ရာ အရေမပျော်သည့်အပြင် ထိုကိုယ်တော်မြတ်မုန့်မှ သွေးများယိုထွက်လာသည်ကို ထူးဆန်စွာ တွေ့ရလေသည်။ ဘုန်းတော်ကြီး (Alejandro Pizzette) အာလဲဂျန်လိုပီဆစ်သည် ထိုအကြောင်းကို ဆရာတော်ကြီး (Bergolio) ဘာဂိုးကရီယိုအား အကြောင်းစုံ သတင်းပို့ခဲ့လေသည်။ ဆရာတော်ကြီး (Bergolio) ၏ ညွန်ကြားချက်ဖြင့် စက်တင်ဘာလ (၆)ရက်တွင်၊ ထိုသွေးထွက်နေသည့် ကိုယ်တော်မုန့်ကို သေချာဓာတ်ပုံရိုက်ကြည့်ရာ ထိုသွေးများမှ တဖြည်းဖြည်းအသားတုံးသို့ ပြောင်းလဲလာသည့်ကို မျက်ဝါးထင်ထင် တွေ့ကြရသည်။ ၎င်းအဖြစ်အပျက်အားလုံးကို နှစ်ပေါင်းများစွာကြာသည်အထိ လျှို့ဝှက်စွာသိမ်းထားပြီး နောက်ပိုင်းမှသာ ဆရာတော်ကြီး (Bergolio) ဘာဂိုးကရီယိုက သိပ္ပံနည်းကျစွာ သုတေသနလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

၁၉၉၉ခုနှစ် အောက်တိုဘာလ (၅)ရက်တွင် ကာဒီနယ် (Bergoglio) ဘာဂိုးကရီယို (ကာဒီနယ်သည် ဆရာတော်ကြီးမှ ပုပ်ရဟန်းမင်းကြီး အဖြစ် တင်မြှောက်ခွင့်ရှိသူ အဖြစ်ရွေးကောက်ခံရသူဖြစ်သည်)၊ ဇီဝကမ္မဗေဒပညာရှင်ဖြစ်သည့် (Dr. Ricardo Castanon) ဒေါက်တာ ရီခါတို ကစဒါနွမ်အား ထိုကိုယ်တော်မြတ်အသားတုံးကို သိပ္ပံနည်းကျစွာ စမ်းသပ်ရန်အခွင့်ပေးလိုက်ရာ သုတေသနလုပ်ရန် နယူယောက်မြို့ယူဆောင်သွားခဲ့သည်။ (Dr. Ricardo Castanon) ဒေါက်တာရီခါတိုစဒါနွမ်သည် အစွဲအလမ်းမဖြစ်စေလိုသည့်အတွက် သူ၏သိပ္ပံပညာရှင်အသင်း သားများကို ထိုကိုယ်တော်မြတ်အသားတုံးအကြောင်းအဖြစ်မှန်ကို မပြောပြခဲ့ပေ။ အသင်းသားများထဲမှ တစ်ဦးဖြစ်သည့် (Dr. Frederick Zugibe, cardiology and forensic Pathology) ဒေါက်တာဖရီဒရင့်ယူဂီဘေ (ရောဂါဗေဒပညာရှင်နှင့် နှလုံးရောဂါအထူးကုဆရာဝန်)၏ သုံးသပ်ချက်အရ ထိုကိုယ်တော်မြတ်အသားတုံးသည် လူသား၏ (DNA) တီအန်အေ ပါသည့် အသွေးနှင့်အသားစစ်စစ်ဖြစ်ကြောင်း။ မိုက်ခရိုစကုပ် မှန်ပြောင်းဖြင့် သေချာစစ်ကြည့်ရင်း ပြောသည်မှာ၊ "ဒါဟာ ဘာဖြစ်သလဲဆိုတာ ငါမင်းတို့ကို သေချာပေါက်ပြောပြ နိုင်တယ်။ ဒီအသားတုံးက နှလုံးဘယ်ဖက်က ... ဒီအသားတုံးကနေနှစ်ခု ပြောလို့ရတယ်။ ဒီအသားတုံးကို ယူတဲ့ချိန်မှာ နှလုံးကမသေ သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သွေးဖြူဥတွေဟာ နှလုံးထုတ်ယူပြီး အပြင်မှာသာ သေနိုင်တာ ဖြစ်တယ်။ နောက်ပြီး ဒီအသားတုံးက အသွေးဒဏ်ရာရထားတာဖြစ်တယ်။ ဒါမျိုးတွေက ကျွန်တော်တွေ့နေကြ လူနာတွေရဲ့ရင်ဘတ်မှာ ခုန်တဲ့အရာဖြစ်တယ်။

As Dr. Zugibe looked down at his microscope, he said, "I can tell you exactly what this is. This flesh is part of the muscle of the heart found in the wall of the left ventricle. It's the muscle that gives the heart its beat and the body it's life. I can see infiltrated through this tissue white blood cell. And that tells me two things. That this heart was alive at the moment that this sample was taken because white blood cell died outside of the living organism. And also this white blood cell go to address injury. So, this heart has suffered. This is the sort of things i see in patients that has been beaten about the chest."https://www.facebook.com/GloryofthePreachers/videos/2039706906282274/


သြစတြေးလျတိုက်သားနှစ်ယောက်ဖြစ်သည့် ဂျာနယ်ဆရာ Mike Willesee မိုက်ဝီလဲစီနှင့် ရှေ့နေ Ron Tesoriero လိုဒဲစိုရီအဲယိုတို့သည် သုတေသနလုပ်ဆောင်ရာတွင် ပါဝင်သည့် ဥပဒေပညာရှိတို့သည်လည်း ထိုစမ်းသပ်မှုကို သက်သေခံကြ၏။ ထိုသူတို့သည် (Dr. Zugibe) ဒေါက်တာယူဂီဘေ၏ သက်သေခံချက် ကြောင့် လူတို့၏နှလုံးသား ဘယ်ဘက် အသားတုံးအကြောင်း သိကြသောအခါ လွန်စွာ အံ့သြ ကြလေသည်။ သိပ္ပံပညာရှင်တို့သည် ထိုအသားတုံးကို ပုံမှန် လူသားတို့၏ သွေးဖြူဥကို ရေထဲတွင် ဇိမ်ထားလျှင် မည်မျှကြာ ခံနိုင်မည်နည်းဟု ဒေါက်တာယူဂီဘေအား စိတ်ဝင်တစားမေးကြ၏။ (Dr. Zugibe) ဒေါက်တာယူဂီဘေက ပုံမှန်လူသားတို့၏ သွေးဖြူဥကို ရေထဲဇိမ်ပါက မိနစ်ပိုင်းအတွင်း ပျောက်သွားမည် ဖြစ်ကြောင်းပြန်ဖြေခဲ့သည်။

ဂျာနယ်သမားက ဒေါက်တာအား ထိုအသားတုံးကို ရေထဲတွင် တစ်လခန့် သိမ်းထားကြောင်း။ ထို့နောက် နောက်ထပ်သုံးနှစ်ခန့် ရောင်ခြည်တော်ဗူးထဲတွင်သိမ်းထားပြီးမှ စမ်းသပ်ခန်းသို့ ယူဆောင်လာခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ (Dr. Zugibe) ဒေါက်တာယူဂီဘေသည် ထိုအကြောင်းကို သိပ္ပံနည်းအရ မည်သို့မျှ မရှင်းပြနိုင်ကြောင်း ၀န်ခံခဲ့သည်။ ထိုနောက် မိုက်ဝီလဲစီက ဒေါက်တာယူဂီဘေအား ထိုအသားတုံးသည် ကောင်းချီးပေးထားသည့် ပေါင်မုန့်မှ နောက်ပိုင်း အံ့သြစွာ အသွေးအဖြစ်သို့ပြောင်းသွားကြောင်း အဖြစ်မှန်ကို ပြောပြခဲ့သည်။ ဒေါက်တာယူဂီဘေက ထိုအံ့သြဖွယ် တန်ခိုးလက်ဏ္ခာသည် လူသားတို့အသိဉာဏ်ဖြင့် ရှင်းပြ၍ မရနိုင်ကြောင်းခံဝန်ခဲ့သည်။သုတေသနပြုလုပ်ပြီးနောက် ဒေါက်တာရီကာတိုကစဒါနွမ်က ဘိုနစ်(စ်)အာရီစ်တန်ခိုးလက်ဏ္ခာ အကြောင်း အများသိအောင် ထုတ်ပြန်ရန် စီစဉ်ခဲ့သည်။

အချက်အလက်အစုံအလင်းရရှိပြီးနောက် ဘွေနစ်အဲရစ်တန်ခိုးလက်ဏ္ခာနှင့် အရင်က နှစ်ပေါင်းတစ်ထောင် နှစ်ရာက ဖြစ်ပေါ်ခဲ့သည့် အီတလီနိုင်ငံ၊ လန်စီနိုမြို့တွင် တန်ခိုးလက်ဏ္ခာတို့ နှစ်ခုကို ပညာရှင်တို့အား နှိုင်းယှဉ်စေခဲ့သည်။ Compared to the last report on a relic from a similar miracle that took place in Lanciano, Italy over 12 hundred years ago ပညာရှင်တို့၏ ထုတ်ပြန်ချက်အရ ထိုတန်ခုိးလက်ဏ္ခာနှစ်ခုသည် လူ့တစ်ဦးတည်းမှဖြစ်ကြောင်း၊ အေဘီသွေးဖြစ်ကာ ထိုလူသည် အရှေ့အလယ်ပိုင်းဒေသမှ လာခြင်းဖြစ်ကြောင်း အတိအကျ ထုတ်ပြန်ခဲ့သည်။
ဘွေနှစ်အဲရစ် တန်ခိုးလက်ဏ္ခာကို မည်သို့ရှင်းပြနိုင်မည်နည်း။ မရှင်းပြနိုင်ပါ။ အရာအားလုံးကိုဖန်ဆင်းသည့် ဘုရားသခင်ကို ယုံကြည်ခြင်းသာလျှင်ဖြစ်နိုင်၏။ မစ္ဆားတရားပူဇော်ခြင်းတွင် ရဟန်းကောင်းချီးပေးသည့် ပေါင်မုန့်နှင့် စပျစ်ရည်သည် ဘုရားသခင်၏ အသားတော်နှင့် အသွေးတော် စင်စစ်ဖြစ်ကြောင်း လူသားတို့ ယုံကြည်နိုင်ရန်အတွက် ဘုရားသခင် ကျွန်ုပ်တို့အား သတိပေးနိူးဆော်နေခြင်းဖြစ်သည်။ ထိုတန်ခိုးလက်ဏ္ခာနှင့် အခြားတန်ခိုးများကြောင့် ဘုရားသခင်ကို မယုံကြည်ခဲ့သူ (Dr. Ricardo Castanon) ဒေါက်တာရီကာဒိုကစတာနွမ် ကက်သလစ်ဘာသာသို့ ၀င်ရောက်လာခဲ့သည်။

ကက်သလစ်ဘာသာဝင်များအတွက်***
သင်ကိုယ်တော်မြတ်ကို ပင့်ယူစားသုံးသည့်အခါတိုင်း ဤအံ့သြဖွယ်တန်ခိုးလဏ္ခာနှင့် မစ္ဆားတရားတွင် သခင်ယေဇူး၏ ပူဇော်ခြင်းက သင်အတွက် အမှတ်ရစရာဖြစ်ပါစေ။ ကိုယ်တော်မြတ်ကို သင်သေချာစွာပြင်ဆင်ကာ ပင့်ယူခြင်းဖြင့် သင့်ဘ၀ကို သခင်ယေဇူးအား ဦးဆောင်စေလျှက် ဘုရားသခင်သည် သင့်နှင့်အတူ အစဉ်အမြဲ ကောင်းချီးမင်္ဂပေးပါစေ။


Source: The Catholic Pilgrim
https://www.youtube.com/watch?v=bd16tBRbLXw
https://www.facebook.com/GloryofthePreachers/videos/2039706906282274/

No comments

Theme images by dino4. Powered by Blogger.